Unicode
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 31“Um~la~la~”
မီးဖိုချောင်ထဲ၌အနက်ရောင်ဆံပင်တိုနှင့်
အမျိုးသားသည်သီချင်းအား
ညည်းဆိုရင်းဟင်းချက်နေလေသည်။တဖက်ခြမ်းရှိယောင်းယီကတော့၊
ထမင်းစားပွဲ၌ရေသာခိုနေသည့်
သောက်အသုံးမကျသော
ယောက်ျားတစ်ဦးသဖွယ်ထိုင်ရင်း၊
သူ၏ယောက်ျားပီသသော"မိန်းမ"
စားပွဲပေါ်သို့ယူဆောင်လာ
ပေးမည့်ဟင်းလျာများကိုစောင့်ဆိုင်းလို့
နေသည်။"ယီလေး၊ဝက်နံရိုးစားချင်လားဟင်?"
ဖြူဖျော့နေသောမျက်နှာဖြင့်
ချောမောခန့်ငြားသောအမျိုးသားသည်
အငွေ့တထောင်းထောင်းထနေသည့်
ဟင်းလျာများကိုကိုင်ဆောင်ထားရင်း၊
အနားသို့တိုးကာယောင်းယီ၏နားအနားသို့
တရင်းတနှီးပူးကပ်၍သူ၏နှုတ်ခမ်းဖျားမှ
အလွန်ချိုမြိန်ကာညင်သာလှသော
စကားများကိုဆိုလာခဲ့သည်။နဖူးပေါ်မှချွေးအေးများစွာစီးကျနေသည့်
ယောင်းယီသည်သူ၏နှုတ်ခမ်းထောင့်မှ
တဆင့်အပြုံးတစ်ခုကိုဖျစ်ညှစ်ကာ
ပြုံးပြလိုက်လေသည်။"ကောင်းတာပေါ့"
ချစ်သူလေး၏အဖြေကိုကြားလိုက်ရသည့်အခါ၊
အမျိုးသားကိုကြည့်ရသည်မှာအလွန်အမင်း
ပျော်ရွှင်သွားပုံရပြီးသူ့ချစ်သူလေး၏
ဘေးနထင်လေးအားနမ်းကာ၊
သူ၏လက်ထဲမှဟင်းပန်းကန်များကို
စားပွဲပေါ်သို့သပ်သပ်ရပ်ရပ်ချလိုက်လေသည်။ထုံးစံအတိုင်းနူးညံ့သောအမူအရာဖြင့်
ထိုအမျိုးသားသည်
သူ၏ဘေးခုံ၌ဝင်ထိုင်လိုက်သည်ကို
ယောင်းယီကြည့်ရင်းမတတ်နိုင်စွာဘဲ
တံထွေးမျိုချလိုက်မိသည်။အရမ်းကြောက်စရာကောင်းတာဘဲ။
သရဲတွေအရမ်းကြောက်စရာ
ကောင်းလွန်းတယ်။သေချာပေါက်ခုနကလေးတင်ကမှ
သူအနေနဲ့သွေးတွေနေရာအပြည့်ရှိနေသည့်
ထူးဆန်းသောဗီလာကြီးအတွင်းမှာ
ရှိနေခဲ့တာဖြစ်ပြီး၊
အခုမျက်စိတစ်မှိတ်စာလေးအတွင်းမှာတင်၊
သာမန်ထမင်းစား(စားပွဲဝိုင်း)ပေါ်၌
ဟင်းလျာအစုံအလင်ဖြင့်အတင်းအကြပ်
ဖိအားပေးထိုင်ခိုင်းခြင်းခံနေရသည်မှာ
ခုနကမြင်ခဲ့သမျှသည်ယောင်းယီဘက်ကဘဲ
ကယောင်ခြောက်ချားဖြစ်သွား
ခဲ့သလိုမျိုးပင်။

ŞİMDİ OKUDUĞUN
KorkuMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...