Unicode
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 8.2ON Aug 8, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
တစ်တော့-
ရုံးခန်းနံရံတွင်ချိတ်ဆွဲထားသည့်နာရီသည်
ညကိုးနာရီသို့ရောက်ပြီဖြစ်သည့်အကြောင်း
ပြသလို့နေသည်။ယောင်းယီ သူ၏ဖုန်းထဲရှိ တာပေါင် [4] မှ
မင်စာရွက်များ၊ပရိဘောဂစာရွက်များ၊
လူစက္ကူများကိုကြည့်ရှုလိုက်ပြီး
သူ၏ဈေးဝယ်စာရင်းထဲသို့ထည့်လိုက်သည်။
ထို့နောက်တစ်ချက်တောင်တုံ့ဆိုင်းမှုမရှိဘဲ
ငွေပေးချေကာ၊သူ၏တိုက်ခန်းဆီသို့
ပို့ဆောင်နိုင်ရန်လိပ်စာကိုဖြည့်လိုက်သည်။[4]တရုတ်ပြည်က ဈေးဝယ်လို့ရတဲ့အွန်လိုင်း
website ပါ။ ebay သို့မဟုတ်
Amazon နဲ့ဆင်ပါတယ်။[5] Joss paper ကနေလုပ်ထားတဲ့
စာရွက်တွေပါဘဲ။မင်စာရွက်ကသရဲတွေ၊
ဝိဉာဉ်တွေအတွက်သုံးစွဲဖို့ငွေကြေးပါ၊
ပရိဘောဂစာရွက်ကြတော့နေစရာအိမ်
ရရှိစေဖို့ရန်ဖြစ်ပြီး၊လူစက္ကူကြတော့
အခိုင်းအစေရရှိစေဖို့အတွက်ဖြစ်ပါတယ်။
သေဆုံးပြီးသားလူတွေတစ်ဖက်လောကဆီ
ရောက်သွားတဲ့အခါအဆင်ပြေပြေနဲ့နေနိုင်ဖို့
အတွက် ဒီဘက်ကသူရဲ့ဆွေမျိုးတွေ၊
မိတ်ဆွေတွေက မီးရှို့ပေးလေ့ရှိပါတယ်။လူကြီးမင်းအန်း၊ခင်များ
သက်တောင့်သက်သာနေနိုင်ဖို့အတွက် ကျွန်တော်ဒီစက္ကူတွေကိုမီးရှို့ပေးပါမယ်။
ခင်များလည်းမြေအောက်ကမ္ဘာမှာ
ငြိမ်းငြိမ်းချမ်းချမ်းနေပြီး၊
အဆင်ပြေစွာနဲ့ပြန်လည်ဝင်စားလိုက်ပါ။
ကျေးဇူးပြုပြီး ကျွန်တော့်ဆီမလာပါနဲ့ယောင်းယီ ထိုပစ္စည်းများကိုအလွန်လေးနက်စွာ
ရွေးချယ်နေမိသည့်အတွက်၊အချိန်ကုန်လို့
ကုန်သွားမှန်းတောင်မသိတော့ဘဲ
ညနေသို့တောင်ရောက်ရှိလာခဲ့သည်။အဆုံးမှာတော့၊သူသည်သုံးရက်၊
သုံးညစလုံးအိပ်စက်ကာအနားယူခဲ့သည့်အတွက်
ယခုအချိန်တွင်နည်းနည်းလေးတောင်
အိပ်ချင်မနေပေ။
တစ်နေ့လုံးဖုန်းသုံးရင်းသာအချိန်ဖြုန်းခဲ့သည်၊
သို့သော်လည်း သူ၏မျက်လုံးများမှာ
နည်းနည်းလေးတောင်မှညောင်းကိုက်မနေ၊
သူအနေဖြင့်တက်ကြွနေဆဲဖြစ်သည်။
![](https://img.wattpad.com/cover/276407144-288-k620574.jpg)
YOU ARE READING
HorrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...