Unicode
သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 4.2ON JULY 24, 2021 BY HOT TOFU
Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ
ထို စာမျက်နှာကိုဖွင့်လိုက်သည်နှင့် အရည်အသွေးကောင်းမွန်သည်
ပုံတစ်ပုံပေါ်လာသည်။ထိုဓာတ်ပုံမှာ နူးညံ့ပုံရသည့်
ကောင်မလေးတစ်ဦး၏ကိုယ်တစ်ဝက်၊ ကျောင်းသားဓာတ်ပုံဖြစ်သည်။
သူမ၏မျက်နှာကိုမှတ်မိသွားသည်နှင့် ယောင်းယီ၏မျက်စိသူငယ်အိမ်မှာ အနည်းငယ်ကျုံသွားခဲ့သည်။ထိုမိန်းမငယ်မှာ သူ့နောက်သို့လိုက်နေသည့်
သရဲမဖြစ်သည်။ယောင်းယီဆက်လက်ပြီး
ထိုအင်တာနက်စာမျက်နှာအား
အောက်သို့ဆွဲချရင်း
ဖတ်ရှုပြီးချိန်မှာတော့ သူမ မည်ကဲ့သို့သေဆုံးသွားခဲ့ရသည့်ကို
သိရှိခဲ့ရသည်။တကယ်ကို စိတ်မချမ်းမြေ့စဖွယ်သေဆုံးမှုဖြစ်သည်။
ထိုသတင်းစာမျက်နှာအရ၊
ထိုမိန်းကလေး အမည်လွှဲ
ရှောင်လန်[1] သည်
သူမ၏မိဘနှင့် ကျောင်းဘက်မှ
ဖိအားပေးမှုကြောင့်
သူမ၏အချစ်ဦးနှင့်
လမ်းခွဲခဲ့ရပြီးနောက်ပိုင်း သူမ၏စိတ်အခြေအနေသည် အလွန်အမင်းမတည်မငြိမ်
ဖြစ်လာခဲ့ပုံရသည်။ထို့ကြောင့်
သူမသည် ယောင်းယီယခုလက်ရှိ
နေထိုင်သည့် အဆောက်အဦး၏
ခေါင်မိုးပေါ်သို့သတ်သေရန်
ရည်ရွယ်ချက်ဖြင့်တက်သွားခဲ့သည်။
ထို့နောက်တိုက်ပေါ်မှ
ခုန်ချခဲ့ပါသော်လည်း
တိုက်အောက်တွင်ရှိနေသည့်
ရှုပ်ထွေးနေသောဝိုင်ယာကြိုးများဖြင့်
ငြိမိလေသည်။ဤသို့ဖြင့် သူမ၏လည်ပင်းသည် ဝိုင်ယာကြိုးများနှင့် ရစ်ပတ်ခံရကာ
အဆုံးမှာတော့ခေါင်းနှင့်ကိုယ်တစ်ခြားစီ
ဆွဲဖြဲခံလိုက်ရတော့သည်။လမ်းတစ်ဝက်လုံးနီးပါးသူမ၏သွေးများဖြင့် ပြည့်နှက်သွားခဲ့သည်ဟုသတင်းထဲ၌ ဖော်ပြထားသည်။
ဆယ်ငါးထပ်မြင့်သော
အဆောက်အအုံထိပ်မှခုန်ချခြင်းသည် သေချာပေါက်သေဆုံးမည်ဖြစ်သည်။
သို့သော်အနည်းဆုံးတော့၊သူမအနေဖြင့် ကြမ်းပြင်ပေါ်သို့ကျပါကမြန်မြန်သေနိုင်မည်ဖြစ်သည်။ယခုအခါမှာတော့ တိုက်ခန်းအောက်မှ
ဖော်ပြထားသောဝိုင်ယာကြိုးများသည် ထိုမိန်းမငယ်၏သေဆုံးမှုအပေါ်တွင်
မေးခွန်းတပ်လိုက်သလိုပင်။

BINABASA MO ANG
HorrorMyanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy Warning : ကြောက်တတ်ပါက ညမဖတ်ရ။ မေးခွန်း : ကြောက်မက်ဖွယ်ရာ အစဉ်အလာမပြတ်သရဲ ရာဇဝင်ထဲက အဓိကဇာတ်ကောင်ရဲ့...