- 8 -

827 95 12
                                    


Past ~~

တက္ကသိုလ်ရွေးချယ်ခြင်း ~~

" ချန်းယောလ်! "

" ဘာလဲ ! "

" ငါမတက်နိုင်ဘူး! "

" မရဘူး တက်ရမယ် !"

"ငါ ဝါသနာမပါဘူး ချန်းယောလ်ရာ.."

" မပါလည်း တက်ရမယ် !"

" မင်း ရူးနေလား ! "

" အေး ရူးနေတာကွာ ရှင်းလား "

ကျစ်....စိတ်ရှုပ်စွာစုပ်သက်မိရုပ်မှအပ။

ချန်းယောလ်နဲ့သူ နှစ်ယောက်လုံး အင်ဂျင်နီယာနည်းပညာတက္ကသိုလ်ကိုတက်ဖို့ရွေးချယ်ထားတာခြင်းတူတယ်။ဒါပေမယ့် မေဂျာရွေးချယ်မှုမှာတော့ တူညီခြင်း မရှိတော့ပေ။

ချန်းယောလ်က Architecture ဗိသုကာလိုင်းကိုရွေးချယ်တယ်..ပြီးတော့သူ့ပါအတူတက်ရမယ်ပြောလာတယ်။သူရွေးချယ်ထားတာက Design & Decoration အပိုင်း။
သူဝါသနာပါတာ သူသဘောကျတာမျိုးပဲ သူတက်ချင်တယ်။ ပြီးတော့တစ်ကျောင်းတည်းအတူရှိနေမှာပဲလေ..ကျောင်းဆောင်တွေအနည်းငယ်လှမ်းနေတာကလွဲလို့ အတူတူပဲလေ။ဒီပြသာနာက မေဂျာစပြီးရွေးချယ်လိုက်တဲ့နေ့ကစပြီး တက်လိုက်တဲ့ပြသာနာတွေ..ပြီးတော့စကားများရန်ဖြစ်ခြင်းတွေ။

ဟင်း....သူသက်ပြင်းမောတွေအချိန်ပြည့်ချနေရတယ်။ဒီလိုမျိုးတွေ ဘယ်အချိန်ထိဖြစ်နေမှာလဲ တကယ်ပဲ...

" ဂယောင်ဆူး ငါပြောတာကြားလား "

" ချန်းယောလ် မရစ်စမ်းနဲ့ကွာ..ငါမတက်ဘူး ပြောနေတယ်လေ "

" ပြန်ပြော !!! "

" မတက်ဘူးကွာ ရှင်းလား !! "

" သေချာလား မင်း !!! "

" သေချာတယ် ငါမတက်ဘူးလုံးဝ !!! "

" တောက်စ်...ဒိုဂယောင်ဆူး မင်း !!!! "

ဧည့်ခန်းဆိုဖာပေါ် ကနေဝုန်းကနဲ...
ထိုင်နေရာကနေထရပ်လိုက်ပြီး..
တဒုန်းဒုန်းနဲ့ မြင်ရာကန်ထုပြီးမှ အိမ်ထဲကနေထွက်သွားလေသည်။

ဟင်း...သူဒီတစ်ခါတော့ ချန်းယောလ်ကို တကယ်အလိုမလိုက်ချင်တော့ဘူး။

................................

" ရန်ဖြစ်လာပြန်တာလား သားနဲ့ယောလ်လီလေးနဲ့ "

Love & War 💢 { Completed }Where stories live. Discover now