- 37 -

507 78 62
                                    


" ငါ..ငါကျောင်းဆက်တက်မလို့ ချန်းယောလ် "

" အင်းတက်လေ ကိုယ်ခွင့်ပြုတယ်"

" ဒီမှာမဟုတ်ဘူး၊ရုရှားမှာရယ် "

" ဘာ !!! "

အေးစက်သွားတဲ့ စကားဝိုင်းတစ်ခု၊
တိတ်ဆိတ်သွားတဲ့ ကွန်ဒိုခန်းငယ်ရဲ့ဧည့်ခန်းတစ်နေရာ၊ထို့အတူ အသက်ရှုသံပြင်းပြင်းက သူ့ဘေးနားကချန်းယောလ်စီကဖြစ်နေခဲ့ပြီး အံကျိတ်ကာထားတဲ့မေးရိုးခပ်ထင်းထင်းဖြစ်နေပြန်သည့် ချန်းယော်လ်ပုံစံကို သူကဘေးကနေတစ်စောင်းလေးလှည့်ငေးကြည့်နေမိခဲ့ပါသည်။

" ချန်းယောလ် ငါ..."

" မင်း ရူးနေလား!! ဟမ် ! "

" မဟုတ် ငါရှင်းပြမယ် "

" ဒီလောက်ထိအတန်တန်ပြောထားပါရဲ့နဲ့ မင်းလုပ်ချင်သလိုတွေလုပ်နေခဲ့တယ်၊ပိုဆိုးတာက မင်းကငါ့ကွယ်ရာမှာခိုးလုပ်နေခဲ့တာပေါ့လေဟုတ်လား "

" မဟုတ်ဘူးဆို ငါ.."

" ဘာလဲ ငါကမင်းအတွက်အလောက်တောင်ဘောင်မဝင်ဘူးလား ဂယောင်ဆူး မင်းပြောစမ်း ! "

" မဟုတ်ဘူးဆို ငါပြောတာလေး
ဆုံးအောင်နားထောင်ပါအုန်း ချန်းယောလ်ရာ.."

" ပြော "

" မားမားက.."

" လာပြန်ပြီ ကျစ် အာရုံပဲ.."

" ချန်းယောလ် ငါပြောပြနေတဲ့စကားကိုမင်းပါးစပ်လေးပိတ်ပြီးခဏနားထောင်ပေးပါအုန်း၊ပြီးတော့ မားမားကိုလည်းအလိုတွေမပြောနဲ့မကြိုက်ဘူး! "

" ဘယ်သူကမှန်နေလို့ မင်းကလာအော်နေတာလဲ ဒိုဂယောင်ဆူး! "

" ဘယ်သူကမှမမှားဘူး၊ချန်းယောလ်!မင်းတစ်ယောက်တည်း စိတ်တိုဒေါသထွက်နေတာမဟုတ်ဘူး၊ မင်းတစ်ယောက်တည်း စိတ်အဆင်မပြေနေတာမဟုတ်ဘူး၊ ရှင်းလား ! "

" ဟင်း...ကောင်းပြီ၊မင်းပြောချင်တာကို ပြောတော့အခု "

" မင်းကငါနဲ့ အခုအတူတူရှိနေချင်တယ်၊လက်ထက်ချင်တယ် အေးအဲ့လိုပဲ ငါ့စိတ်ရောကမင်းနဲ့ထပ်တူပဲ..

ဒါပေမယ့် မိဘတွေဘက်ကငါတို့ကိုအခုအချိန်မှာ လက်မထပ်စေချင်သေးဘူး၊ငါ့မားမားတစ်ယောက်တည်းမဟုတ်ဘူး မင်းမိဘတွေရောအတူတူပဲ..

Love & War 💢 { Completed }Where stories live. Discover now