~ 44 ~

88 3 0
                                    


~ 44 ~


" ဟာ! "

အာမေဋိတ်သံတွေက ရုတ်တရက်ထွက်ပေါ်လာသည်..ဘာလို့ပါလိမ့်။ဘာမှမထူးခြားတာကိုလေ..သူတို့ကဘာလို့များ၊ထိုစဥ်သူ့ခေါင်းပေါ်သို့နူးနူးညံ့ညံ့ထိခတ်လာတဲ့တစ်စုံတစ်ခု၊ဘာကြီးလဲ သူဆတ်ကနဲ..မော့ကြည့်မိသည့်အခါ မြင်လိုက်ရတာက..ရောင်စုံပူဖောင်းတွေကသူ့အပေါ်တစ်ခုပြီးတစ်ခုကျရောက်လာသည်။ဘာတွေလဲ..အချိန်ခဏအကြာမှာတော့ ရောင်စုံပူဖောင်းတွေအလယ်မှာသူကရပ်နေမိလျက်သား..ထိုအချိန်ပျံ့လွင့်လာတဲ့တီးလုံးသံတွေနဲ့သူအထူးအဆန်းဖြစ်နေခဲ့သည်။တီးလုံးသံတွေကအပေါ်ကလာနေသည့်အတွက် သူကတစ်ခါထပ်ပြီးခေါင်းမော့ကြည့်မိသည်။

ပန်းရောင်ပူဖောင်းအတွဲလိုက်ကြီးက
တဖြေးဖြေးအောက်သို့ကျလာပြန်သည်။ဒီတစ်ခါတော့ စာတန်းရေးထိုးထားတဲ့ ပူဖောင်းတွေဖြစ်သည်။အမြင်အာရုံနည်းတာမို့ သူကအနီးကပ်ရောက်သည်အထိမော့ကြည့်နေမိပြီးအနီးနားရောက်ခါနီးမှ သူ့လက်ကိုထုတ်လှမ်း၍ဆွဲယူကြည့်မိလိုက်သည်။

" ကိုယ့်ကို လက်ထက်ပါ "

ဟင်...ချန်းယောလ်။

ရင်ခုန်သံတွေ တဒုန်းဒုန်းနဲ့
တကယ်တော့ ဒါတွေမလိုပါဘူး၊ဒီအချိန်မှာသူတကယ်လိုအပ်နေတာ..သူ့ကိုပွေ့ဖက်ကာထားပေးမည့် ချန်းယောလ်ကိုသာဖြစ်သည်။သူ့အဖြစ်က ပန်းရောင်ပူဖောင်းအတွဲလိုက်ကြီးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး ချစ်ရသူကိုတွေ့ချင်လွန်းလို့ ခေါင်းဘယ်ညာတိမ်းစောင်းလို့ခပ်မြန်မြန်လှည့်ပတ်ရှာနေမိခဲ့သည်။

" ဒီ ကြိုးလေးကိုဆွဲပေးပါခဗျ! "

ဘယ်အချိန်ကသူ့အနားကိုရောက်နေမှန်းမသိတဲ့ လူတစ်စုကသူ့လက်ဖျားနားကိုဖဲကြိုးစလေးလာပေးနေလေရဲ့၊ဘာကြီးပါလိမ့်နော်။

" ဒါလေးကို အကိုကဆွဲလိုက်မှ ဟိုဗူးကြီးကပွင့်လာမှာပါခဗျ ! "

ဘယ်ကဗူးကြီးလဲ..။
သူ့ရှေ့နားမှာရောက်နေတဲ့ Box ပုံစံအကြီးစားကြီးတစ်ခု၊ထို Box ပေါ်မှာဖဲကြိုးခေါက်တွန့်လေးကြိုးချည်ထားပြီးနောက် ထိုဖဲကြိုးအဖျားစလေးကိုသူ့ကိုလာကမ်းပေးနေခြင်းဖြစ်သည်။Box ကြီးက ဘယ်အချိန်ကရောက်နေတာလဲ၊ဒါမှမဟုတ်အစကတည်းကရှိနေခဲ့တာလား၊သူမမြင်မိတာလား စိတ်ထဲဇဝေဇဝါဖြစ်နေမိပါသည်။

Love & War 💢 { Completed }Where stories live. Discover now