- 42 -

604 77 47
                                    

အလိုချင်ဆုံး မင်းစီကငါ
မေတ္တာတရားလေ...
အပိုဆုလေးတောင်းပါအုန်းဆို
သစ္စာရှိပါလေ...
ဖွင့်ပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ
ငါဟာမင်းအတွက် အသက်ရှင်နေထိုင်ဖြစ်တည်မယ့်ဘဝ...နေ့နဲ့ညစက္ကန့်အချိန်မရွေး လောကရဲ့ရှိတဲ့နေရာမရွေး..
ငါ သယ်ဆောင်သွားလိုက်ပါ့မယ်ဒီအချစ်တို့၊ဝမ်းနည်းနဲ့ဝမ်းသာအချိန်မရွေး၊ဆင်းရဲနဲ့ချမ်းသာတာမရွေး..
ဒီအကြင်နာပြောင်းလဲသွားမှာမဟုတ်ဘူးအချစ်ရေ...
{အပိုဆု - ဆောင်းဦးလှိုင် }

ခြံဝန်းထဲမှာ ဂစ်တာတစ်လက်နဲ့ချမ်းအေးလွန်းတဲ့ရာသီဥတုကို ဥပက္ခာပြု၍သီချင်းဆိုနေသည့် ချန်းယောလ်။အကြောင်းပြချက်က မျက်နှာချင်းဆိုင်အိမ်ကချစ်ရသူကို ချော့တေးဆိုနေခြင်းဖြစ်ပါသည်။ဖြစ်စဥ်ကို အတိုချုံးပြန်ပြောရရင် တံခါးကိုပိတ်ချပြီးပြေးထွက်သွားတဲ့ချစ်ရသူအနောက်ကို အမှီပြေးလိုက်သွားခဲ့ပေမယ့် သူကဂယောင်ဆူးကိုမမှီခဲ့ပါ။ဘယ်လိုများပြေးသွားသလဲမသိဘူး၊အပြေးတအားမြန်တဲ့ ချစ်ရသူကြောင့် သူ့မှာဆောင်းတွင်းညချမ်းအေးအေးမှာ ချွေးတပြိုက်ပြိုက်ကျလို့ပြေးရှာနေခဲ့ရသည့်အဖြစ်။နောက်ဆုံးမှာတော့ဘယ်လိုမှရှာမတွေ့တဲ့အတွက် အပေါ်ကိုသာပြန်တက်ပြီးဂျုံဒယ်နှင့် သူ့သတို့သမီးလောင်းကိုသာ အပါခေါ်၍ဖြေရှင်းခိုင်းဖို့ပြင်ရပြန်သည်။ထိုကိစ္စကိုသိပြီးသကာလ ဂျုံဒယ်ကအော်ရယ်နေလို့နောက်တစ်ခါထရယ်ရင်မင်းကို ငါ့ကားပေါ်ကနေတွန်းချပစ်မှာပြောတော့မှ အော်ရယ်နေသံငြိမ်သွားသည့်သူတို့ရဲ့ ကားထဲကအဖြစ်။

သူရင်ထဲမှာတော့ ဂျပန်ဟာရီကိန်း၊
ဆူနာမီဝင်နေသည့် အတိုင်းပင်..

ပွဲမပြီးသေးပဲ သူ့ကားပေါ်ပါလာသည့် စေ့စပ်ပွဲမှသတို့သားလောင်းနဲ့သတို့သမီးလောင်း။တော်သေးသည်က ဂျုံဒယ်သတို့သမီးလောင်းက နှစ်ဖက်မိဘကိုအကျိုးသင့်အကြောင်းသင့်ဖုန်းဆက်ပြော၍နားလည်မှုယူနိုင်သေးသည်။မဆိုးပါဘူး..ဂျုံဒယ်မင်းရွေးချယ်ထားတဲ့ မိန်းကလေးရော၊မင်းရော မင်းကံကောင်းပါတယ်။

ဂယောင်ဆူးအိမ်ရှေ့ရောက်တော့
အိမ်တံခါးခေါက်ပြီး သုံးယောက်သားအိမ်ပေါက်ဝမှာ အပြစ်လုပ်ထားသလိုမတ်တပ်ရပ်နေရသေးသည်။အချိန်ခဏအကြာမှာတော့ ဂယောင်ဆူးမားမားကထွက်လာပြီး သူတို့ကိုအကျိုးအကြောင်းလာမေးလေသည်။

Love & War 💢 { Completed }Where stories live. Discover now