- 25 -

845 87 94
                                    

ဂယောင်ဆူး နိုးလာတော့...
သူ့ကစောင်ဖြူပုံလေးထဲ ခွေခွေလေး...
မျက်လုံးတွေကို သုံးချက်လောက်ပုတ်ခတ်ပုတ်ခတ်ပြုလုပ်နေပြီးနောက်..ဝါးကနဲ သမ်းဝေနေသေးတယ်။ပြီးတော့ သူ့စောင်ပုံလေးထဲကနေ ငုတ်တုတ်လေးထထိုင်လိုက်တဲ့အချိန်...သူ့ဘေးနားကနေ သူ့ကိုပြုံးပြုံးကြီး ကြည့်နေတဲ့ ချန်းယောလ်ကို သူမြင်တွေ့လိုက်ရပါသည်။

" အင်း...နိုးနေတာကြာပြီလား "

" သိပ်မကြာသေးဘူး..
အိပ်ရေးမဝသေးဘူးလား.."

" အင်း နည်းနည်း "

" ဟာ...မျက်လုံးတွေအလောက်မပွတ်နဲ့လေ ရဲနေမယ်! "

" အင်း "

" ဘာစားချင်လဲ အချစ်
ကိုယ်မှာထားပေးမယ် "

" ပဲခေါက်ဆွဲနဲ့ အမဲစွပ်ပြုတ်ပူပူလေး "

" အိုကေ အချစ်.."

မွေ့ယာပေါ်ငုတ်တုတ်လေး သမ်းဝေနေတဲ့ ကောင်လေးကို ဆွဲယူဖက်လိုက်ရင်းချစ်ရိပ်သမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်လို့နေသည့် ချန်းယောလ်။

" နာနေသေးလား..ကိုယ့်အချစ် "

" ဟမ်...အာ...အင်း "

" ရှက်နေတာလား...အချစ်လေး ! "

" မင်း !! "

ဂယောင်ဆူးက ချန်းယောလ်လည်တိုင်တွေကြားထဲ ခေါင်းလေးတိုးဝှက်လို့နေသည်။ချန်းယောလ်က သဘောတကျပြုံးရယ်နေပြီး ဆံနွယ်တွေကို နှုတ်ခမ်းတွေနဲ့တိုးကပ်လို့ နမ်းရှိုက်နေခဲ့ပါသည်။

" အမေ့ !! "

" ဘာလုပ်တာလဲ ယောလ်လီ ! "

မွေ့ယာပေါ်ကနေပွေ့ဖက်နေရင်း
ချန်းယောလ်ကဂယောင်ဆူးကို ပွေ့ချီလိုက်ပါသည်။ဆတ်ကနဲ ဖျက်ကနဲပဲ..ချန်းယောလ်ကပဲ အားကြီးလွန်းတာလား..ချန်းယောလ်နဲ့ဆိုသူကဘာလို့ သေးငယ်နေတာပါလဲ ဟမ့်။

ချန်းယောလ်ကသူ့ကိုပွေ့ချီလာလို့
ရေချိုးခန်းထဲဝင်လာသည်။
မျက်နှာသစ်ဘောင်ပေါ် သူ့ကိုတင်ချပေးပြီးနောက် ရေပိုက်မှရေအချို့ဖွင့်စေပြီးနောက် ကျလာတဲ့ရေကိုခံယူပြီးမျက်နှာကို ဂရုတစိုက်သစ်ပေးလေသည်။

Love & War 💢 { Completed }Where stories live. Discover now