Extra 🧡

641 67 46
                                    

မင်္ဂလာဆောင်ပြီးချိန်~~
သူနဲ့ချန်းယောလ် ဘာတွေပြောင်းလဲသွားလဲ။ဟင့်အင်း တကယ်တော့ဘာမှမပြောင်းလဲလာပါဘူး။

သူနဲ့ချန်းယောလ်က ကွန်ဒိုမှာတစ်လှည့်၊မားမားစီမှာတစ်လှည့်သွားနေလေ့ရှိသည်။မားမားနဲ့အကူမိန်းကလေးသာအိမ်မှာကျန်ခဲ့တာမို့ သူတို့အတူရုံးပိတ်ရက်တွေဆိုသွားနေပေးဖြစ်တာများသည်။

ဒါပေမယ့် ဒီနေ့ကတနင်္လာနေ့ဖြစ်နေပေမယ့် သူတို့ကွန်ဒိုကိုမပြန်ဖြစ်ခဲ့ကျပါ။အကြောင်းရင်းကမားမားရဲ့ကျန်းမာရေးကြောင့် သူကညစောင့်အိပ်ပေးရန်လိုသောကြောင့်ဖြစ်သည်။ရုံးဖွင့်ရက်မို့ ချန်းယောလ်ကိုမနေ့ညနေကတည်းက ကွန်ဒိုကိုပြန်နှင့်ဖို့ပြောပေမယ့် ချန်းယောလ်ကသူမပါဘဲကွန်ဒိုမပြန်နိုင်ပါဘူးဟု ယတိပြတ်ငြင်းဆိုလာသည်။ပြီးတော့ မနေ့ညကမားမားအကူမိန်းကလေးကိုတစ်ညတစ်လေအနားပေးပြီး သူကမားမားကိုညစောင့်တစ်လှည့်နေပေးခဲ့ချင်သောကြောင့်ချန်းယောလ်ကိုပြန်ခိုင်းရခြင်းဖြစ်ပါသေးသည်။

တကယ်ကသူလူပျိုဘဝတုန်းက မားမားကိုညစောင့်လုပ်ပေးနေကျမို့ မခက်ခဲပေမယ့်..တကယ်ခက်ခဲနေတာကချန်းယောလ်။မားမားခြေသလုံးတွေကိုဆုပ်နှယ်နှိပ်ပေးနေရင်း၊စကားပြောနေရင်း မားမားကအိပ်ပျော်သွားခဲ့သည်။အိပ်ပျော်သွားခဲ့သောမားမားကို စောင်ထူထူလေးခြုံပေးပြီးသူကကုတင်ဘေးစွန်းနားမှာထိုင်နေမိရင်း မားမားမျက်နှာလေးကိုငေးနေမိခဲ့သည်။

မားမားလည်း အသက်တွေကြီးနေပြီ။
မားမားလည်း သူနဲ့ပတ်သတ်ပြီး ပင်ပန်းနေလောက်ပြီထင်တယ်၊သူကတော့ မားမားအလိုကျဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်ခဲ့သေးဘူးပဲ...ဟူး။

ကလစ်...
မားမားအခန်းတံခါးက ခပ်ဖြေးဖြေးလေးတွန်းဖွင့်လို့လာခဲ့သည်။ဘယ်သူပါလိမ့်..အကူမိန်းကလေးလား။သို့ပေမယ့်တံခါးအကြားမှာမျက်နှာလေးကွက်ပြီးပေါ်လာတာက ချန်းယောလ်ဖြစ်နေခဲ့သည်။

" ချန်းယောလ်.."

" အင်း..."

မားမားအိပ်နေတာကိုတစ်ချက်ကြည့်ပြီးမှ ချန်းယောလ်ကအခန်းထဲခပ်ဖွဖွလေးလှမ်းဝင်လာခဲ့သည်။

Love & War 💢 { Completed }Where stories live. Discover now