- 38 -

545 82 64
                                    

တစ်လအတွင်းသူနဲ့ချန်းယောလ်ရဲ့ဆက်ဆံရေးက ဘယ်လိုပြောရမှန်းမသိအောင်ပင်၊ချန်းယောလ်စိတ်ဆိုးပြေစေဖို့သူကရည်ရွယ်ပြီး ချန်းယောလ်အနားမှာဟိုးအရင်ကထက်ပင် ပိုတိုးပြီးကပ်တွယ်လို့နေပေးခဲ့သည်။

ချန်းယောလ်အလုပ်ကပြန်လာချိန်
သူကခြံထဲမှာဆင်းစောင့်နေတာမျိုး..
ချန်းယောလ်သူ့ခြံရှိရာဘက်ကိုလှမ်းကြည့်ချိန် သူကပြုံးပြနှုတ်ဆက်တာမျိုး၊ထို့အပြင် တစ်ခါတစ်လေဆို ချန်းယောလ်နဲ့အတူ သူ့အိမ်ထဲလိုက်ဝင်ပြီး ဘေးနားကနေစကားတွေပြောနေတာမျိုး၊ချန်းယောလ်ကတော့ အင်းမလုပ်၊အဲမလုပ်..အိပ်ခါနီးတိုင်းသူ့ဘက်ကစပြီးချန်းယော်လ်ကိုဖုန်းဆက်တာဖြစ်ဖြစ်၊စာတိုလေးပို့ပေးတာဖြစ်ဖြစ် လွမ်းတယ်၊GoodNight စတဲ့စကားအချို့ကိုသတိတရနဲ့ နိစ္စဓူဝပြုမူပြောဆိုနေဆဲဖြစ်သည်။

ချန်းယောလ်က သူ့ကိုသိပ်ချစ်တာကိုသူသိနေတာပဲလေ၊ထို့အတူ သူကလည်းချန်းယောလ်လီကို ချန်းယောလ်သူ့အပေါ်ထားရှိတဲ့အချစ်တွေကဲ့သို့ သူဘက်ကလည်းမလျော့တဲ့ချစ်ခြင်းတရားတွေနဲ့ချစ်ပြနေတာ ချန်းယော်လ်သိစေဖို့ရည်ရွယ်ခဲ့ပါသည်။

တစ်ယောက်ကပိုင်ဆိုင်လိုစိတ်အတ္တကြီးတယ်၊ကျန်တစ်ယောက်က အစွဲအလမ်းကြီးတဲ့သူဖြစ်နေတယ်။အဆုံးသတ်မှာတော့ သူတို့နှစ်ဦးရိုးမြေကျပေါင်းရစေဖို့ သူရည်ရွယ်ပါသည်..။

......................................................

မနက်ဖန်ဆို သူသွားရတော့မယ်၊
ဒီနေ့အထိ ချန်းယောလ်နဲ့သူကအဆင်မပြေသေးပါ၊ချန်းယောလ်ဘက်ကသူ့ကိုလုံးဝအလျော့ပေးမည့်ပုံ ရှိမနေသည့်အခါ သူကသက်ပြင်းမောချရတော့တာပါပဲလေ။ဒီကိုပြန်ရောက်နေတဲ့ ဂျုံဒယ်ကတောင် ချန်းယောလ်ကိုဘယ်လိုမှဖြောင့်ဖြပြောဆိုလို့မရကြောင်း ထပ်ခါထပ်ခါပြောလာတဲ့အခါ သူရင်မောရတာပါပဲလေ။

ညနက်သည်အထိ အိပ်မပျော်သေးတဲ့သူက မျက်နှာချင်းဆိုင်ခြံကမီးလင်းနေတဲ့ ချန်းယော်လ်အခန်းကိုငေးကြည့်နေမိတာကြာခဲ့ပြီဖြစ်သည်။ဖုန်းဆက်လည်း မကိုင်၊စာတိုလည်း seen မပြနဲ့၊ချန်းယော်လ်က ခေါင်းမာလွန်းနေလိုက်တာနော်။သိပ်မကြာခင်မှာပဲ ခြံထဲဆင်းလာတဲ့ချန်းယော်လ်ပုံရိပ်ကိုမြင်လိုက် ပြီးနောက် သူကအပြေးတစ်ပိုင်းလေးအောက်ဆင်းလာခဲ့လိုက်မိသည်။ချန်းယောလ်ခြံတံခါးကို ခပ်မြန်မြန်တွန်းဖွင့်ဝင်လိုက်ပြီး ချန်းယောလ်အနောက်ကိုခပ်ဖြေးဖြေးတိုးလှမ်းလို့ချဥ်းကပ်သွားခဲ့သည်။

Love & War 💢 { Completed }Where stories live. Discover now