~ 26 ~

103 2 0
                                    

~ 26 ~

" နိုးလာပြီလားအချစ်! "

" အင်း.."

အင်းလို့ပြောနေပေမယ့်လူကတော့ချန်းယောလ်လီရင်ခွင်ထဲတိုးဝင်ကပ်တွယ်နေမိသည်။ချန်းယောလ်လီက သူ့နဖူးမှာကျနေသောဆံနွယ်လေးတွေကို သူ့နှုတ်ခမ်းလေးတွေနဲ့ချွန်စုပြီးလေမှုတ်ပေးနေလေရဲ့။

" မစနဲ့ကွာ..အိပ်ရေးမဝသေးဘူး! "

" အဟား...ဒိုဂယောင်ဆူးလေးက အိပ်ပုတ်လေးပဲ! "

" ရား..."

ခေါင်းတိုးဝင်နေဆဲဖြစ်တဲ့ ချန်းယောလ်လီရင်ဘတ်ကိုမမြင်မစမ်းနဲ့သူကကိုက်ချမိလိုက်သည်။ပါးစပ်ထဲဝင်လာတဲ့ ငန်ကျိကျိအရသာနဲ့အသားဖုလေး..ဘာ..ဘာကြီးလဲ..။

" အား..."

သူကိုက်ချမိလိုက်တာဘာမှဝတ်ထားခြင်းမရှိသေးတဲ့ ချန်းယောလ်လီရဲ့ ရင်ဘတ်နေရာတစ်နည်းအားဖြင့် Shirtless ဖြစ်နေတဲ့ ရင်ဘတ်သားနဲ့ အစေ့နီနီလေးဖြစ်နေသည်။

" အကိုက်ခံရတာ ကိုယ်ပါအချစ်ရဲ့!
သူကပဲအော်နေတာကြည့်ပါအုန်း၊ဘာလဲ နို့ဆာရို့ရား! "

" ရား..."

" အချစ်က ကိုက်လိုက်တာပဲ၊ဒါပေမယ့်ကိုယ်က ဟိုဒင်းပြုလာပြီ! "

" ရား...ချန်းယောလ်! "

ရေချိုးခန်းထဲပြေးဝင်လို့သွားတဲ့ ချန်းယောလ်လီက တဟားဟားနဲ့အော်ရယ်နေသေးသည်။သူ့မှာသာကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေမိရပ်သား..သူ့ပါးစပ်ထဲကပ်တွယ်နေသလိုဖြစ်နေတဲ့ ယောလ်လီပဲစေ့နီလေးရဲ့အမွှေးနုနုလေးက..အား...သူလျှာယားလာပြီ။ဂယောင်ဆူးရေချိုးပြီးသည်နှင့် သူတို့အတူကမ်းခြေစပ်နားကိုဆင်းလာခဲ့ကျသည်။ဂယောင်ဆူးဝတ်ထားရသည်က အင်္ကျီအမဲ၊ဘောင်းဘီအမဲနှင့် အနက်ရောင်လူသားနှင့်တူနေသည်။ဘေးဘက်မှ ချန်းယောလ်လီကို မျက်စောင်းထိုးကြည့်လိုက်သည့်အခါသူ့ကိုဟီးကနဲ တစ်ချက်ရယ်ပြလာသေးသည်။

ထို့နောက် တစ်ယောက်နဲ့တစ်ယောက်လက်တွေတွဲထားကျပြီးကမ်းခြေကစျေးတန်းလေးတွေရှိရာနေရာကို ဦးစွာပထမသွားခဲ့ကျသည်။စျေးတန်းလေးတွေထဲစျေးဝယ်သူတွေကအပြန်အဆိုင်ခေါ်ယူနေကျပြီးလူအများစုကလည်းအချို့ဆိုင်များတွင်စုပြုံတိုးလို့ဝယ်နေကျပါသေးသည်။ချန်းယောလ်လီကတော့သူ့ချစ်သူလေးကိုသူ့ရင်ခွင်ထဲထိုးထည့်ကာထားပြီး သူတို့သွားရာလမ်းတစ်လျှောက်ဘယ်သူနဲ့မှမတိုက်မိအောင် သူ့လက်မောင်းတွေ၊သူ့ကျောပြင်တွေနဲ့အပြည့်အဝကာကွယ်ပေးနေတော့တာပါပဲ။

Love & War 💢 { Completed }Where stories live. Discover now