- 21 -

684 83 47
                                    

" အချစ် ရိုက်ပေးအုန်း "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" အချစ် ရိုက်ပေးအုန်း "

" အင်း "

" ဒီမှာရော.."

" အင်း.."

" ဒီလိုလေးရော.. "

" အင်းမိုက်တယ် "

ချန်းယောလ်လီအလိုကျသူက ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ပေးနေရသည်။စိတ်လက်တစ်ဆစ်သာရှိသော ဒိုဂယောင်ဆူးက ချစ်သူချန်းယောလ်လီကိုတော့ဖြင့် တစ်မနက်လုံးစိတ်ရှည်လက်ရှည်ရိုက်ပေးနေခဲ့ပါသည်။နောက်ကျောပုံလေးတွေကအစ မိမိရရလေး သေသေချာချာလေးရိုက်ပေးနေခဲ့ပါသည်။

" အချစ် ကိုယ်အဆင်ပြေလား "

" အင်း ပြေတယ် "

" အချစ် ကိုယ်ချောတယ်မလား"

" အင်း မင်းအချောဆုံး "

" အချစ်! "

" ကဲ ဒီလောက်ဆိုရပြီနော် မားမားကိုသွားကူပေးလိုက်အုန်းမယ် "

" အင်း အင်း ပြီးရင် ကိုယ့်အနားကိုပဲပြန်လာခဲ့နော် အချစ် ! "

" အင်းအင်း "

သူ့ကောင်လေးသူ့ကို သိပ်ချစ်မှန်းသိပေမယ့် တစ်ခါတစ်လေကျတော့လည်းယောလ်လီကို ဆွဲရိုက်ချင်မိပါသည်။သူလည်းချစ်တတ်ပါတယ် ချန်းယောလ်လီကိုက ပိုနေတာခက်တာ။မားမားစီသွားပြီးပြန်ဖို့ အထုပ်တွေကူသိမ်းလို့ပေးနေမိသည်။မနက်၁၀နာရီလောက်မှာပဲ သူတို့ဘိုးဘိုးရှိရာနယ်မြို့လေးကနေအတူတူပြန်လာခဲ့ကျသည်။

နယ်ဝေး​ပြေးဆွဲသော အဝေးပြေးခရီးသည်တင်ကားလေးပေါ်မှာ သူရယ် ယောလ်လီရယ်က သီးသန့်တစ်တန်း၊သူတို့ရှေ့ကခုံမှာ မားမားရယ် ခေါ်လာတဲ့ကောင်မလေးရယ်ကတစ်တန်း ထိုင်ခဲ့ကျပါသည်။ထိုကောင်မလေးက သူတို့ထက်ငယ်နေပေမယ့် သွက်လက်ပြီးအပြောအဆိုကအစယဥ်ကျေးသိမ်မွေ့သည်။မားမားနဲ့လည်း စကားပြောဖော်ရပြီးသူတို့အပေါ်မှာလည်း ယဥ်ကျေးစွာပြောဆိုဆက်ဆံသည်။

Love & War 💢 { Completed }Where stories live. Discover now