~ 14 ~

102 7 0
                                    


~ 14 ~

မားမားနေမကောင်းဘူး။
အခုတလော ကျောင်းTuto တွေနဲ့ပြီးတော့ချစ်သူဘဝချစ်ကြည်နူးနေတာနဲ့ မားမားကိုသူပစ်ထားမိသလို၊ဂရုမစိုက်မိသလိုမျိုးဖြစ်သွားတဲ့ဂယောင်ဆူး။

" မား သားဒီနေ့ကျောင်းမသွားတော့ဘူး "

" မဟုတ်တာ "

" ဟုတ်ပါတယ်မားရဲ၊ဆိုင်လည်းသားပဲစောင့်နေပေးမယ်၊မားအေးဆေးနားနေနော် "

" ရပါတယ် သားရယ်၊မားအဲ့လောက်ကြီးမလိုပါဘူး "

" လိုပါတယ် မားရာ..
သားပြောသလိုပဲနေပါ "

" လာ မားလာ "

ကုတင်ပေါ်မှာထိုင်ခိုင်းလို့ မားကို နှိပ်နယ်ပေးနေတဲ့ ဂယောင်ဆူး။အသက်ကြီးလာလို့ ကျန်းမာရေးချို့တဲ့လာတဲ့ မားကိုသူအများကြီးဂရုစိုက်ပေးရအုန်းမယ်။

.......................................

တီတီတီ...
အိမ်ရှေ့ကဆိုင်ကယ်လေးရဲ့အချက်ပေးသံက စူးကနဲ။

" သားယောလ်လီလေး လာပြီထင်တယ်..သားကျောင်းသွားရင်သွားပါ မားသက်သာနေပြီ "

" ဟင့်အင်း မား..
သားဒီနေ့ ကျောင်းမသွားဘူး၊သားချန်းယောလ်ကို သွားပြောလိုက်အုန်းမယ်ခဏနော် မား "

" အေးအေးသား "

မားအခန်းတံခါးကို အသာအယာပိတ်ပေးလို့အိမ်ရှေ့သို့ထွက်လာတော့သူ့ကိုကျောင်းအတူသွားဖို့လာခေါ်တဲ့ ချန်းယောလ်မျက်နှာကဆိုင်ကယ်ဦးထုတ်လေးအောက်မှာ ဆူပုတ်စပြုနေလေပြီ။

" ရှိူးထုတ်လို့ မပြီးဘူးနော် အချစ်!
တော်တော်ပဲများနေလိုက် မင်း ! "

" မဟုတ်ပါဘူး ချန်းယောလ်ရာ.."

" တက်လေ လာ ! "

" ငါ ဒီနေ့ကျောင်းမတက်ဘူး "

" ဟင် ဘာလို့လဲ "

ဆိုင်ကယ်ပေါ်ကနေခပ်မြန်မြန်ဆင်းလာပြီး သူ့နဖူးကိုလာစမ်းတဲ့ချန်းယောလ်လက်ဖဝါးကအေးစက်နေပေမယ့် သူ့နှလုံးသားထဲမှာတော့နွေးနေတာပဲ။

" ငါ ဘာမှမဖြစ်ဘူး ချန်းယောလ် "

" ဒါဆို ဘာလို့လဲ "

Love & War 💢 { Completed }Where stories live. Discover now