- 16 -

914 99 22
                                    

သောကြာသားလေးရဲ့နှုတ်ခမ်းလွှာကြား

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သောကြာသားလေးရဲ့နှုတ်ခမ်းလွှာကြား..အင်္ဂါသားလေးရဲ့
နှုတ်ခမ်းက နစ်မြှပ်ကာနေလို့..မရုန်းထွက်နိုင်လောက်အောင်လည်းချန်းယောလ်ကဆွဲဆောင်မှုတွေပေးနေပြန်သေးသည်။စီးကရက်နံ့တွေနဲ့ချန်းယောလ်နှုတ်ခမ်းကသူ့ကိုတစ်မျိုးတစ်ဖုံဆွဲဆောင်နိုင်ခဲ့ပြန်ပါသည်။အချိန်တစ်ခုအကြာမှာတော့ သူ့ကိုယ်ပေါ်ဖိကာသူ့နှုတ်ခမ်းတွေကို တရှိုက်မက်မက်စားသုံးကာနေသောချန်းယောလ်ကိုတွန်းဖယ်မိသည်။

" အွန်း...တော်တော့ဆို..
ချန်းယောလ် .. "

" ပြွတ်စ် ! "

နှုတ်ခမ်းတစ်ခုလုံးကိုဆွဲယူငုပ်စုပ်လိုက်ပြီးမှချန်းယောလ်က သူ့နှုတ်ခမ်းတွေကိုလွတ်လပ်ခွင့်ပေးလာသည်။

" ဘယ်လိုဖြစ်နေလဲ "

" ချစ်နေတာလေ "

" ဖယ်ပေးအုန်း လေးလာပြီ "

" Dancing floor မှာသွားကရအောင် အချစ် "

ဆိုဖာပေါ်ကဆွဲထူလို့ သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်သည့်ချန်းယောလ်ကို လက်တွေနဲ့တွန်းဖယ်မိသည်။

" ချန်းယောလ် ဘယ်လိုဖြစ်နေလဲ "

" ဟိုမှာကြည့် ဘာမှမမြင်ရဘူး..သူတို့လည်းသူတို့ဘာသာအလုပ်ရှုပ်နေတာ တွေ့လား "

အခန်းငယ်လေးထဲ ချန်းယောလ်လက်ညှိုးညွှန်ပြရာ ဝေ့ကြည့်မိသည့်အခါ..ဟုတ်သားပဲမှောင်ဖြဖြလေးဆိုတော့ တကယ်ဘာမှမမြင်ရဘူးပဲ။

" အင်း "

" လာ ဒီကို "

ပေါင်ပေါ်ဆွဲတင်ထားရင်းကနေ သူ့ရင်ခွင်ထဲ ဇွတ်ထိုးထည့်ကာနေပြန်သေးသည်။သူလည်းအခုမှ ပြန်အဆင်ပြေခါစမို့ဘာမှမပြောချင်သောကြောင့် ချန်းယောလ်အကြိုက်သာထိုင်နေပေးလိုက်တော့သည်။စားပွဲခုံပေါ်ရှိအရက်ခွက်ထဲကျန်နေသေးသည့်သောက်လက်စခွက်လေးကို ဟန်ပါပါယူလို့မော့သောက်နေပြန်သည်။သူ့ခါးကိုလည်းလက်တစ်ဖက်က သိုင်းဖက်လို့ထားသေးသည်။

Love & War 💢 { Completed }Where stories live. Discover now