~ Extra 3 ~

279 16 0
                                    


~ Extra 3 ~

ဒီနေ့က သူတို့ငယ်သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်အခမ်းအနားညပိုင်းပါတီကိုသူနဲ့ချန်းယောလ်ကအတူတူတက်ရောက်နေခြင်းဖြစ်သည်။အထက်တန်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းတွေမို့ အဆက်အသွယ်အချို့ပြတ်ကာသွားခဲ့ကျပေမယ့် ယခုအချိန်ပြန်တွေ့ချိန်မှာလည်း စကားတွေများစွာပြောမဆုံးနိုင်သည့်အနေအထားတစ်ခုမှာရှိနေခဲ့ပြန်ပါသေးသည်။

ငယ်သူငယ်ချင်းတွေရဲ့ပြန်တွေ့ဆုံတဲ့ပွဲမျိုးဖြစ်နေသည့်အပြင်မင်္ဂလာသတို့သမီးလေးကလည်းနားလည်မှုရှိစွာသတို့သားရဲ့အပေါင်းအသင်းတွေကိုတစ်ခွန်းမှမဟန့်တားသည့်အတွက် သူတို့အတူသောက်ကျစားကျပျော်ကျပါးကျနဲ့ပျော်ရွှင်စွာအတူတူရှိနေခဲ့ကျသည်။ဂျုံဒယ်ကဒီပွဲကိုမိသားစုလိုက်တက်ရောက်လာခဲ့ခြင်းဖြစ်သည်။သို့သော်အချိန်တစ်ချို့ကုန်ဆုံးပြီးသည့်နောက် ဂျုံဒယ်ကလေးအငယ်လေးကမနေတော့သည့်အတွက်ဂျုံဒယ့်အမျိုးသမီးလေးကအငယ်ကလေးလေးကိုခေါ်ပြီးအရင်ပြန်နှင့်သွားသည်။ထို့အတွက်ကြောင့်ဂျုံဒယ်ကသမီးအကြီးလေးနဲ့အတူဒီပွဲမှာဆက်ကျန်နေခဲ့သည်။

ပျော်ပျော်ပါးပါးသောက်စားနေကျပေမယ့် သူကိုယ်တိုင်ကတော့သိပ်မသောက်ဖြစ်ခဲ့ပေ။အကြောင်းတရားကတော့သူ့ရဲ့ကလေးကြီးပတ်ချန်းယောလ်ကဒီပွဲမှာပျော်ရွှင်စွာသောက်နေခဲ့သည့်အတွက်အပြန်ကျသူ့ကလေးကြီးကိုသူကတွဲခေါ်ရအုန်းမှာနဲ့၊ကားမောင်းပြန်ဖို့လည်းလူကလိုသေးသောကြောင့်ဖြစ်သည်။တစ်ခါတစ်လေမှငယ်သူငယ်ချင်းတွေနဲ့သောက်ကျစားကျသည့်အတွက်သူကတားမြစ်ပိတ်ပင်ခဲ့ခြင်းလည်းမရှိခဲ့ပေ။ဂျုံဒယ့်ကိုတောင်လွတ်လွတ်လပ်လပ်သောက်နေပြီးစကားပြောရအောင် သူကဂျုံဒယ်သမီးလေးနဲ့အတူတူနေပေးနေခဲ့ပြီး သူမလေးမေးသမျှကိုသူကစိတ်ရှည်စွာနဲ့ပြန်ဖြေပေးနေရင်းအချိန်အချို့ကုန်ဆုံးနေခြင်းဖြစ်သည်။

" ဦးဦး "

" ဗျာ "

" ဟိုဦးဦးနဲ့ ဦးဦးနဲ့ကဘာတော်တာလဲ"

" အာ..သမီးရဲ့ပါးပါးနဲ့မားမားလိုမျိုးဦးဦးတို့ကတော်တယ်ကွ..ဟင်း.."

You've reached the end of published parts.

⏰ Last updated: May 06, 2022 ⏰

Add this story to your Library to get notified about new parts!

Love & War 💢 { Completed }Where stories live. Discover now