- 36 -

535 74 33
                                    

🎼လူသန်းပေါင်းများစွာနေတဲ့တိုင်းပြည်မှာ..နင် အချစ်ရဆုံးသူငါပဲဖြစ်ချင်တာ..အတ္တကြီးသလိုများဖြစ်သွားသလား..စိတ္တဇဖြစ်နေသူမို့နားလည်ပါ...🎼
{နန်းဆုရတီစိုး- ရူးအောင်ချစ်ရသူ }

ရေချိုးခန်းထဲမှနေ ရေချိုးပြီးထွက်လာတဲ့သူက ကုတင်အစွန်းနားမှာဝင်ထိုင်လိုက်ပြီး၊အိပ်ပျော်နေတဲ့ ချစ်ရသူလေးကို တမေ့တမောနဲ့မြတ်နိုးမဝစွာငေးကြည့်လို့နေမိလျက်သား..

ဒီလူသားလေးကိုသူကလွဲပြီး ဘယ်သူကမှကြည့်ပိုင်ခွင့် မဟုတ်သေးဘူး၊အဲ့ထက်ဆိုးတယ်..ပိုင်ဆိုင်ခွင့်လေးတောင်မရှိရလေအောင် သူဖွက်ထားချင်မိတယ်၊အပိုမဆိုဘူး တကယ်ပြောတာ။

" ထတော့လေ ကိုယ့်အချစ်! "

"အင်း..."

" အိပ်ပုတ်လေး ဒီနေ့ကမ်းခြေသွားကျမှာလေ ထတော့လေ ! "

" အင်း..."

ဆံနွယ်တွေမှာကပ်ညိတွယ်နေတဲ့ရေစက်ငယ်တွေကိုချစ်ရသူမျက်နှာနားခါချလိုက်သည့်အခါ..

" အား...ပတ်ချန်းယောလ်!! "

" အဟား..နိုးပြီလား "

" နိုးပြီ နိုးပြီ မင်းတကယ်ပဲ "

" ဘာကိုလဲ "

သူ့အပေါ်အုပ်မိုးနေပြီး သူ့ကိုပြီတီတီကြည့်နေသော ပတ်ချန်းယောလ်ကို မျက်စောင်းတွေချည်းလှိမ့်ထိုးနေခဲ့ပြီး ရင်ဘတ်ကိုတဗုန်းဗုန်း ထုချနေသည့် ဒိုဂယောင်ဆူး။အားနှင့်တွန်းဖယ်လိုက်၍ ရေချိုးခန်းထဲကိုခပ်ဆောင်ဆောင့် ဝင်သွားသော ချစ်ရသူကိုကြည့်၍ စိတ်ပျော်ရွှင်မြူးထူးစွာတဟားဟား အော်ရယ်နေသော ပတ်ချန်းယောလ်။

ရေချိုးခန်းထဲအရောက် အင်္ကျီချွတ်ပြီးရေချိုးဖို့ပြင်သည့်အခါမြင်လိုက်ရတာက သူ့ခန္ဓာကိုယ်ပေါ်ကခရမ်းပုတ်ရောင်ဖြစ်နေတဲ့ ကိုက်ရာတွေ...

အား ပတ်ချန်းယောလ်အရူးကောင်။
လူကိုမညှာမတာလုပ်ချသွားတာများ
ပတ်ချန်းယောလ် အစုတ်ပလုတ်ကောင်မင်းနဲ့တွေ့မယ်၊တွေ့အုန်းမယ် ဟင်း။

"ကိုယ့်အချစ်ရေ မြန်မြန်ချိုး၊
ဖျားနေအုန်းမယ် "

အော်...မနေ့ကတစ်ညလုံးအဝတ်မကပ်တာကျ ဒင်းကနည်းနည်းမှစိတ်မပူဘူးပေါ့လေ၊ဗရမ်းပတာတွေ သူတအားပြောနော်..ဟွန့်။

Love & War 💢 { Completed }Where stories live. Discover now