~ 17 ~

134 4 0
                                    


~ 17 ~

ဟင်း...

အပြန်လမ်းတစ်လမ်းလုံးတိတ်ဆိတ်နေသည့်ကားလေး..အသီးသီးသက်ဆိုင်ရာအိမ်ထဲဝင်ကျသည့်တိုင် ချန်းယောလ်ကအရင်လိုမဟုတ်ပဲနှုတ်ဆိတ်လွန်းနေပြန်တော့လည်းသူကမနေတတ်ပြန်ဘူး။အိပ်ရာပေါ်လူးလိမ့်နေမိပြီးသက်ပြင်းချနေမိတာ အခါခါ..သူ လုံးဝမနေနိုင်တဲ့အဆုံးအိမ်ကနေခိုးထွက်လာပြီး ခြံထဲသို့ဆင်းလာခဲ့သည်။ခြံထဲရောက်တော့ ချန်းယောလ်အိမ်ကိုသူကအသာချောင်းကြည့်နေမိခဲ့သည်။ ချန်းယောလ်အခန်းကမီးလင်းနေဆဲပဲ..သူဖုန်းခေါ်လိုက်မိသည်။

Ring....

" ​အင်းအချစ် "

" မင်း မအိပ်သေးဘူးလား "

" အင်း အိပ်မပျော်သေးလို့ "

" ငါလာခဲ့ရမလား "

" ဟမ် အခုလား "

" အင်း တံခါးလာဖွင့်ပေးချန်းယောလ် ငါအခုမင်းအိမ်ရှေ့မှာရယ် "

ပြတင်းပေါက်တံခါးကနေလှမ်းကြည့်လာပြီးခဏ..သူ့ကိုခြံတံခါးအပြေးလာဖွင့်ပေးလေသည်။

" နေမကောင်းဘူးလား အချစ်..
မျက်နှာလည်းမကောင်းဘူး "

" အွန်း၊မင်းကိုလွမ်းနေလို့ "

" ဟမ် "

ချန်းယောလ်ကသာသူ့ကိုကပ်ချွဲနေတာအခါခါ..သူကပြန်ချွဲတာမျိုးမရှိသလောက်ရှားတာမျိုးဖြစ်သည်။ချန်းယောလ်ကခပ်လွန့်လွန့်ပြုံးလာလို့ သူ့လက်ကိုဆွဲခေါ်ပြီးအိမ်ထဲဝင်စေသည်။သူကလည်း ချန်းယောလ်လက်ကိုဆွဲကိုင်ထားပြီးအတူတူဝင်လာခဲ့သည်။ချန်းယောလ်အခန်းထဲရောက်သည့်တိုင် သူတို့ကုတင်ပေါ်မှာအတူတူယှဥ်တွဲထိုင်နေကျဆဲဖြစ်သည်။

" ချန်းယောလ် ငါ့မားမားအကြောင်းသိတယ်မလား "

" အင်း "

" ဘာမှမဖြစ်ဘူးလေနော်..စိတ်ထဲမထားနဲ့ "

" အင်း "

" အဓိကက ကာယကံရှင်နှစ်ယောက်ပဲလေ..ဟုတ်တယ်မလား "

" အွန်း "

ချန်းယောလ်ပုခုံးပေါ် ခေါင်းမှီချလို့..လက်တွေကိုဆုပ်ကိုင်ထားရင်း ဂယောင်ဆူးက ချန်းယောလ်ကိုပြောနေခြင်းဖြစ်သည်။

Love & War 💢 { Completed }Where stories live. Discover now