~ 22 ~

129 5 0
                                    


~ 22 ~

ဒီနေ့ဂယောင်ဆူးကချန်းယောလ်အိမ်ကိုအတူလိုက်အိပ်ပေးရသောနေ့လည်းဖြစ်သည်။သိပ်မကြာခင်ရက်ပိုင်းအလိုမှာပဲသူတို့ဒုတိယနှစ်ကိုအတူတက်ရတော့မှာမို့ စိတ်တွေလန်းဆန်းတက်ကြွလို့နေခဲ့ကျပါသည်။အခုသူက ချန်းယောလ်ရေချိုးနေတာကို ဖုန်းသုံးနေရင်းကုတင်ပေါ်မှာထိုင်စောင့်နေမိသည်။သူ့ခြေထောက်တွေကကြမ်းပြင်ထက်မှာ တွဲလောင်းချထားပြီးလက်တစ်ဖက်ကဖုန်းသုံးလို့နေနေခဲ့ပါသည်။

ကျွီ...

တံခါးဖွင့်သံအဆုံး ရေချိုးခန်းမှနေ
ချန်းယောလ်ကသူ့အောက်ပိုင်းတစ်နေရာကိုသာတဘက်တစ်ထည်သာပတ်ထားခဲ့ပြီး ထွက်လာပါသည်။မျက်နှာကလည်းဆူပုတ်ပုတ်ဖြစ်လို့နေသေးသည်..သူနဲ့ရေအတူမချိုးပေးလို့ကောက်နေပြီနေမှာပေါ့၊ချန်းယောလ်လီကတော့လေ တကယ်ပါပဲ။သူဖုန်းကိုကုတင်ပေါ်သို့ချထားလိုက်ပြီး ချန်းယောလ်ကိုပြုံးစစနဲ့ မျက်စပစ်ပြလိုက်မိပါသည်။သူ့ကိုမကြည်ကြည့်နဲ့လမ်းရှိုးကြည့်နေပြီး ပုခုံးနဲ့လည်ဂုတ်ပေါ်တင်လာသောတဘက်ပါးတစ်ထည်ကို သူ့စီသို့ပစ်ပေါက်ပေးလေသည်။

" ဘာလဲ "

" နှလုံးသားမရှိတဲ့လူ..ရေအတူချိုးတော့ဘာဖြစ်သွားမှာမို့လို့လဲ ! "

" ဖြစ်မှာပေါ့၊ဖြစ်မှာက်ိုသိနေတာပဲလေ!"

" မင်း !! "

" လာပါ နှုတ်ခမ်းကြီးဆူထားမနေနဲ့ ခေါင်းသုတ်ပေးမယ်၊လာလာဒီကို "

သူခြေချထိုင်နေရာအနားကုတင်နားမှာ လာထိုင်ပြီးခြေထောက်တွေကြားနေရာယူလို့ကြမ်းပြင်ပေါ်ငုတ်တုတ်လေးလာထိုင်သည်။

" ရေချိုးပြီးကာစအေးနေမှာပေါ့ "

" အေး အေး "

" ယောလ်လီကတော့လေ "

" ဘာလဲ !! "

သူဘာမှဆက်ပြောမနေတော့ဘဲ ချန်းယောလ်လီဦးခေါင်းထက်မှ ဆံနွယ်တွေကိုဖွဖွလေးနဲ့စိတ်ပြေနပြေသုတ်ပေးလို့နေမိသည်။သုတ်ပေးနေရင်း နားကားကားလေးကိုတို့ထိလိုက်၊ပါးလေးကိုမထိတထိလှမ်းစလိုက်နဲ့ ချော့မြူလို့နေနေခဲ့ပါသေးသည်..သူ့ရဲ့ချစ်သူအဆိုးအဆာလေးကိုသူသိပ်ချစ်ပါတယ်။

Love & War 💢 { Completed }Where stories live. Discover now