- 15 -

818 99 18
                                    

ဂယောင်ဆူးက သူ့ကိုလျစ်လျူရှုတယ်။ဂယောင်ဆူးက သူ့ကိုရက်စက်တယ်။ဂယောင်ဆူးက သူ့ကိုတန်ဖိုးမထားဘူး။ဂယောင်ဆူးက သူ့ကိုမချစ်ဘူး။  ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဂယောင်ဆူးက သူ့ကိုလျစ်လျူရှုတယ်။
ဂယောင်ဆူးက သူ့ကိုရက်စက်တယ်။
ဂယောင်ဆူးက သူ့ကိုတန်ဖိုးမထားဘူး။
ဂယောင်ဆူးက သူ့ကိုမချစ်ဘူး။  ။

အိမ်တံခါးမကြီးက အလုံးစုံပိတ်ချသွားတယ်။သူကရော သူကတော့မယုံကြည်နိုင်တဲ့ ပြူးကျယ်နေတဲ့မျက်ဝန်းအစုံနဲ့ ရပ်ကြည့်မိနေတုန်း...
သူ့ကိုတစ်ချက်ကလေးမှ လှည့်ကြည့်မသွားတဲ့ ဂယောင်ဆူးကိုသူစိတ်နာမိတယ်။ထို့နောက်သူ့ခြေလှမ်းတွေက သူ့အိမ်ရှိရာသို့သာ ပြန်ဦးတည်လိုက်သည်။အသဲကွဲတဲ့ဒဏ်ရာက ဆိုးဆိုးဝါးဝါးပဲ။

....................................

နောက်တစ်နေ့မနက် ~~

ဂယောင်ဆူးတစ်ယောက်နိုးထလာသည်နှင့် သူအရင်ဆုံးလုပ်မိသည့်အရာက ချန်းယောလ်ကိုဖုန်းဆက်ခြင်း။သို့သော် တစ်ဖက်ဖုန်းမှ ဆက်သွယ်မှုဧရိယာပြင်ပဆိုတဲ့စကားသံကသာ ထပ်ခါတစ်လဲလဲကြားနေရသည်။
ထိုအခါ သူချန်းယောလ်အိမ်သို့သာ ထွက်ခဲ့လိုက်တော့သည်။

" အန်တီ ချန်းယောလ်ရော "

" ယောလ်လီကသူငယ်ချင်းနဲ့ထွက်သွားတယ်လေ သားလေး "

" အစောကြီး! "

" ဟုတ်ပါ့ ဘယ်သွားစရာရှိလို့ဆိုလား "

" အော် ဟုတ်အန်တီ "

" ရန်ဖြစ်ထားကျပြန်ပြီလား..သားတို့ "

" ကျွန်တော်တို့ စကားနည်းနည်းများထားတာပါအန်တီ သားပြန်လိုက်ပါအုန်းမယ် "

" အေးအေးသားလေး "

...................................

ထိုနေ့ညကစပြီး ဒီနေ့အထိ..
ချန်းယောလ်နဲ့သူရဲ့ဆက်ဆံရေးကဆိုးဆိုးရွားရွားပါပဲ။ယခုလည်းသူကချန်းယောလ်ရှိရာနေရာသို့ စိုးရိမ်ပူပန်မှုအချို့နဲ့သွားနေခဲ့ရသည်။

Love & War 💢 { Completed }Where stories live. Discover now