~ 9 ~

117 8 0
                                    


~ 9 ~

ဂယောင်ဆူးနှုတ်ခမ်းလေးက
သူ့အာခံတွင်းထဲမှာပျော်ဝင်ကျသွားတော့မယ့် ဂျယ်လီတုံးလေးလိုမျိုး..အိစက်ကာနေတယ်။သူဂယောင်ဆူးနှုတ်ခမ်းလေးကိုထိကပ်ထားဖို့ပဲ အစကသူပထမရည်ရွယ်ခဲ့မိတာ။အခုတော့..သူကထိုနှုတ်ခမ်းတစ်စုံကိုသူ့နှုတ်ခမ်းတွင်းထဲကနေလွှတ်ထွက်သွားမှာကိုပင် စိုးရိမ်စပြုလာနေပြီဖြစ်သည်။မလွှတ်ချင်ဘူး အိစက်နုထွေးနေတဲ့ အသည်းပုံနှုတ်ခမ်းလေးကို..သူမနေနိုင်စွာ ဂယောင်ဆူးလည်ပင်းကိုဆွဲယူကိုင်မော့ပစ်လိုက်ပြီး မလွှတ်စတမ်း..မနားမနေ၊တရှိုက်မက်မက် သုံးဆောင်နေမိတယ်။

" အွန့် ...ချန်း...ယောလ်...အွန်း "

"အင့်...ချန်း..."

အသက်ရှုမဝတော့လို့ ငြင်းဆန်နေတဲ့ဂယောင်ဆူးရဲ့အသံသေးသေးလေးတွေ..သူ့ကိုထုရိုက်လို့တွန်းထိုးနေတဲ့ လက်နုနုလေးတွေက ဂယောင်ဆူးသူမသိဘူး..အဲ့လိုငြင်းဆန်မှုတွေက သူ့ရဲ့အလိုရမ္မက်ကိုအဆုံးထိတွန်းပို့ပေးနေမှန်းမသိရှာဘူး။ထပ်ပြီးထပ်ပြီး လိုချင်လာတယ်။နှုတ်ခမ်းနုနုလေးတင် မဟုတ်ဘဲ နှုတ်ခမ်းအတွင်းသားတွေအထိ..သူ့လျှာထိပ်လေးနဲ့ ဂယောင်ဆူးနှုတ်ခမ်းကို စုန်ချည်ဆန်ချည်တွန်းထိုးနေမိတယ်။သို့ပေမယ့်လည်းလေ..သူ့ရဲ့အကြောတင်းလေးက..လုံးဝဖွင့်ဟမလာပါဘူး။အူယားမိစွာအောက်နှုတ်ခမ်းသားလေးကို ကိုက်ချလိုက်မိလေတော့...ဂယောင်ဆူးက သူ့ရဲ့တွန်းထိုးနေမိတဲ့ လျှာဖျားလေးကို အားပါပါနဲ့ကိုက်ချလိုက်ပါတော့သည်။

အား....!

"ဂယောင်ဆူး မင်း! "

" ဘာလုပ်တာလဲ!မင်း ဘာလုပ်တာလဲချန်းယောလ်! မင်း !! "

သူနမ်းရှိုက်ကာထားတဲ့ နှုတ်ခမ်းရဲရဲလေးက ဒေါသတကြီးနဲ့သူ့ကိုအော်ဟစ်လာပါတော့တယ်။ဂယောင်ဆူး ဒေါသထွက်နေတာသူ့အတွက်ကြောင်လေးတစ်ကောင်လက်သည်းဝှက်ကာ စိတ်ဆိုးနေသလိုမျိုး။

" ချန်းယောလ် ! ငါမေးနေတာကြားလား ! မင်းဘာလုပ်တာလဲလို့ !! "

" နမ်းတာလေ "

ဟုတ်တယ်လေ နမ်းချင်လို့။
သူ ဂယောင်ဆူးကိုနမ်းချင်လို့ကိုနမ်းတာ။

Love & War 💢 { Completed }Where stories live. Discover now