- 19 -

757 95 57
                                    

အချစ်ကသူ့ရင်ခွင်ထဲတိုးဝင်လာလို့..
သူကလည်းလွမ်းနေခဲ့ရတဲ့အချစ်လေးကို ထွေးပွေ့ဖက်ကာထားလို့...

သူနဲ့ချန်းယောလ်နဲ့ဖက်ထားခဲ့ကျတာ အချိန်ဘယ်လောက်ကြာသွားလဲတော့သူတို့မသိဘူး..ဒါပေမယ့် တောင်ကုန်းလေးပေါ်ကနေပြေးဆင်းလာခဲ့တဲ့ ယောလ်လီရဲ့အရှိန်ပြင်းစွာခုန်နေခဲ့သော နှလုံးခုန်သံတဒုန်းဒုန်းရပ်တန့်သွားပြီး..ဖြေးဖြေးနဲ့မှန်မှန်ရင်ခုန်သံလေးကြားရသည်အထိ သူတို့ဖက်ထားခဲ့ကျသည်။ချန်းယောလ်နှလုံးခုန်သံလေးကို ဂယောင်ဆူးကပါးလေးတိုးထိကပ်ထားရင်းနားထောင်နေမိခဲ့သည်။

ထို့နောက် ချန်းယောလ်ကသူ့ကိုရင်ခွင်ထဲကနေခဏဖယ်ခွာရင်း မျက်နှာချင်းဆိုင်စေသည်။ပြီးနောက်ချွေးတွေနဲ့ဆံနွယ်အချို့ကို သုတ်ပေးနေသည်။နဖူးပေါ်ကချွေးစလေးတွေကို သူ့အင်္ကျီကိုလှန်လို့တို့ထိလို့သုတ်ပေးနေသေး...သူဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သေး..ဘယ်သူမှရှိမနေဘဲတိတ်ဆိတ်လို့..ကျေးဌက်သံအချို့ကလွဲပြီးအေးအေးချမ်းချမ်းလေး။

တော်သေးတာပေါ့ ဘေးနားလူမရှိလို့ မဟုတ် သူ့ကောင်လေးရဲ့sixpacks တွေမြင်သွားလိမ့်အုန်းမယ်။

" ချွေးတွေတအားထွက်နေတာရော် အချစ် "

" အွန်း "

" ဘယ်တွေသွားနေတာလဲ..ကိုယ်ရောက်တာကြာနေပြီရော်.."

" အဘိုးအတွက်ဆေးသွားဝယ်ပေးရင်းစျေးထဲပတ်နေတာ "

" အော "

" ရောက်တာကြာပြီလား "

" အင်း ၁၂နာရီလောက်က "

" ဟမ် ဘယ်အချိန်ထဲကအိမ်ကထွက်လာတာလဲ "

" ညကတည်းက..ကားဂိတ်ဖွင့်တာနဲ့အစောဆုံးကားနဲ့လိုက်လာတာ..အချစ်ကိုတွေ့ချင်လွန်းလို့ ဒီရောက်တော့အချစ်ကမရှိလို့မောသွားတာပဲ"

" နေ့လည်စာစားပြီးပြီလား "

" စားပြီးပြီ မားမားဒိုနဲ့ အဘိုးကကျွေးတယ်..စားလို့ကောင်းမှကောင်း "

" အင်း "

သူတို့နှစ်ယောက်ကရပ်စကားပြောနေတယ်...ချန်းယောလ်ကသူ့ကိုခမောက်ကြီးနဲ့ယပ်ခပ်ပေးနေရင်းချွေးစတွေလည်း သုတ်ပေးနေသေးတယ်..သူကတော့ ချစ်ဖို့ကောင်းလွန်းလှတဲ့သူ့ကောင်လေးကို ချစ်မျက်ဝန်းတွေနဲ့မော့ကြည့်နေခဲ့တာပဲ။

Love & War 💢 { Completed }Where stories live. Discover now