~ 10 ~

133 12 1
                                    


~ 10 ~

" မား "

" သားလေးပြော "

" မနက်ဖန်ပိတ်ရက်ကျ သားတို့နယ်ခဏပြန်ရအောင် "

"ဟင် ဘာလို့လဲသား..
အဘိုးကိုသတိရနေလို့လား သား "

" အဘိုးကိုသတိရနေတာရော၊ပြီးတော့မားနားမှာ အကူတစ်ယောက်လောက်ထားပေးချင်လို့ "

" မလိုပါဘူး သားရယ် "

"လိုတယ်မားရာ မနက်ဖန်နယ်ကို ခဏသွားရအောင်နော်..နော် မား "

" အင်းပါ အင်းပါ၊ဒါဆိုလည်းသွားကျတာပေါ့ "

" ဟုတ်မား "

နောက်တစ်နေ့မနက်စောစော
သားအမိနှစ်ယောက် အိမ်နဲ့ဆိုင်ကိုသေချာလေးသော့ခတ်သိမ်းဆည်းပြီးနောက်ထွက်လာခဲ့ကျတော့သည်။
မားကအသက်ကြီးလာပြီ..
သူကလည်းကျောင်းသွားကျောင်းပြန်နဲ့ မားနားမှာ သိပ်မနေနိုင်တော့ဘူး။
ပိတ်ရက်လေးကို ဆိုင်ကူထိုင်ပေးရုံလောက်ပဲရှိတယ်။မားနားမှာ ကူဖော်လောင်ဖက်တစ်ယောက်ရှိနေဖို့လိုတယ်။သူစိတ်မချဘူး..ပါးပါးမရှိတဲ့နောက် မားကသာသူ့ဘဝရဲ့အရေးကြီးဆုံးပဲဖြစ်သည်။

အိမ်နဲ့ဆိုင်ကိုသေချာသော့ခတ်ပြီးနောက်အလှည့် သူ့မျက်ဝန်းတွေကမနေနိုင်စွာ အိမ်ရှေ့အိမ်ကိုကြည့်မိတယ်။ငြိမ်းငြိမ်းချမ်းချမ်းတည်ရှိနေပြီး အေးအေးချမ်းချမ်းအိပ်မောကျဆဲနေမယ် ချန်းယောလ်လီက။သူနဲ့ချန်းယောလ် ဆက်ဆံရေးကဘယ်လိုပြောပြရမလဲ..သူလည်းမသိတော့ဘူး။

ချန်းယောလ်နဲ့ပြသာနာဖြစ်ပြီးနောက်ပိုင်းသူကစောစောထပြီး ကျောင်းကိုစောစောသွားတယ်..။
Bus မမှီမှာစိုးလို့လည်းပါသလို ချန်းယောလ်ကိုလည်းရှောင်နေမိတာလည်းပါတယ်။ကျောင်းမှာလည်း မဆုံဖြစ်ကျတော့ဘူး..သူကထမင်းဗူးထုပ်လာတာများတယ်...မနက်ခင်းဆို မနက်စာစားဖို့အချိန်မရှိလို့ထမင်းဗူးထုပ်လာတဲ့အခါ ပိုထည့်ပြီးစားလိုက်လို့ရသည်။
ညနေဆိုလည်း မဆုံဖြစ်အောင်နေတယ်။တစ်ခါတစ်ရံဆုံမိရင်လည်း နှစ်ယောက်စလုံးက မမြင်ချင်ယောင်ဆောင်နေခဲ့တာများသည်။

King ရွေးချယ်တဲ့နေ့ ~~

ချန်းယောလ်က အများသူငါမှန်းထားခဲ့သလို အာခီတက်King ဖြစ်ခဲ့သလို ထပ်ပြီး The Whole King ပါရခဲ့တယ်။သူကရော..သူကတော့ ဒီအတိုင်းလေးရပ်ငေးကြည့်နေမိခဲ့တာပါပဲ။

Love & War 💢 { Completed }Where stories live. Discover now