- 18 -

778 91 32
                                    

" အချစ် ! "

" ရှူး တိုးတိုး ! "

ဆိုင်ခန်းထဲမှတစ်ဆင့် အိမ်လေးထဲဝင်လာတဲ့ ချန်းယောလ်ကိုနှုတ်ခမ်းလေးမှာလက်ညှိုးကပ်လို့ပြနေတဲ့ ဂယောင်ဆူး။

" Wae "

" မားမားခေါင်းမူးနေလို့ ဆရာဝန်ရောက်နေတာ "

" အော "

သူဧည့်ခန်းထဲဝင်သွားကာကြည့်လိုက်တော့ ဟိုတစ်ခါဆရာဝန်မနဲ့နောက်ထပ်လူကြီးတစ်ယောက်။

" သားယောလ်လီ လာလေ "

ဧည့်ခန်းမှာစကားပြောနေတဲ့မားမားဒိုကသူ့ကိုမြင်သွားပြီးလှမ်းခေါ်လာသည်။သူမားမားဒိုနားသွားလိုက်ပြီးကပ်ထိုင်လိုက်သည်။ပြီးနောက် ဆရာဝန်မကိုအကဲခတ်နေလိုက်သည်။သိပ်မကြာဘူး ကော်ဖီဗန်းငယ်နဲ့ရောက်လာတဲ့ ဂယောင်ဆူးကိုမြင်တာနဲ့ဟိုဆရာဝန်မမျက်နှာက ဝင်းပသွားလိုက်ပုံများ.....အဟက်။

" ဂယောင်ဆူး လာငါ့နား "

ကော်ဖီဗန်းငယ်ကို စားပွဲပေါ်တင်ပြီးထိုင်စရာနေရာရွေးနေတဲ့ဂယောင်ဆူးကို သူလက်ယက်လို့ခေါ်လိုက်သည်။

" အင်း "

အချစ်က လိမ္မာပါတယ်..သူ့ဘေးနားလာထိုင်တယ်..သူ့မျက်နှာပေါ်ကအပြုံးကြီးကပေါ်ပေါ်ထင်ထင်ဖြစ်လို့နေသည်။စားပွဲခုံထိပ်မှာထိုင်နေတဲ့ လူကြီးကိုသူ့ကိုမေးဆတ်ပြလို့မေးလာသည်။

" သူလေးက..."

" မျက်နှာချင်းဆိုင်အိမ်ကသားလေး လေ..သားရဲ့ငယ်သူငယ်ချင်းလေးလေ ပတ်ချန်းယောလ်တဲ့..သားယောလ်လီနှုတ်ဆက်လိုက်ပါအုန်း "

" ဟုတ်အန်ကယ် သားပတ်ချန်းယောလ်ပါခဗျ "

" အိမ်နီးချင်းရှိတာကောင်းတာပေါ့ အရေးအကြောင်းဆိုအားကိုးရတယ် "

" ဟုတ်တယ်ရှင့် တစ်မိသားစုလုံးကအမျိုးလိုပါပဲ "

ယောလ်လီပုခုံးပေါ်လက်လေးနဲ့အသာအယာပုတ်လို့နေသည့် မားမားဒို။ထို့နောက် လူကြီးနှစ်ယောက်ကရောဂါအကြောင်း..ထွေရာလေးပါးပြာနေကျချိန်...

ချန်းယောလ်ကတော့ သူ့ဘေးနားက ဂယောင်ဆူးကိုငေးကြည့်နေခဲ့တာပဲ...အေးချမ်းနေတာပဲသူ့အချစ်က မြင်ရတာစိတ်ချမ်းသာချက်။ထို့အတူဂယောင်ဆူးကို ခိုးကြည့်နေခဲ့တဲ့သူလည်းနောက်တစ်ယောက်ရှိပါသေးတယ်..သူတို့နှစ်ယောက်ကြားထဲမှာရှိနေတဲ့ ဂယောင်ဆူးကတော့ အငွေ့ပျံလို့ကိုယ်ယောင်ဖျောက်ချင်မိသည်။

Love & War 💢 { Completed }Where stories live. Discover now