- 24 -

886 78 42
                                    

" ဒုန်း !! "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ဒုန်း !! "

" အင့် !! "

အသံနှစ်ခုက ထပ်တူပေါ်ထွက်လာခဲ့တယ်။သူလည်း အခန်းတံခါးနံရံနဲ့ ချန်းယောလ်အကြား ညှပ်ပိတ်လို့နေနေသည်။ချန်းယောလ်ကိုကြည့်လိုက်တော့လည်း သူ့ကိုရီဝေဝေကြည့်နေတယ်..အင်း သူကလည်း ချန်းယောလ်ကို ရီဝေဝေ ပြန်ကြည့်နေခဲ့မိတယ်။

ဝိုင်ပြင်းပြင်းရဲ့အစွမ်းက သူ့တို့ကိုယစ်မူးလောင်ကျွမ်းလို့နေပါတယ်...

" ချန်းယောလ် ဘာလုပ်တာလဲ ! "

" ချစ်တယ် ! "

"......"

" အချစ်ကို ကိုယ်အရမ်းချစ်တာ ! "

ချန်းယောလ်က သူ့နှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ ဖွဖွလေးထိလို့ ဆိုလာတယ်..မြန်ဆန်လာတဲ့ ရင်ဘတ်ထဲကအကောင်ငယ်ရဲ့ရုန်ခုန်နှုန်းတွေက မြင်းခွာသံတွေအလား။

" ယောလ်လီ ! "

" ကိုယ့်ကို ချစ်တယ်မလား ! "

" ......"

" ချစ်နေသေးတယ်မလား ဟင် အချစ် ! "

သူ့နှုတ်ခမ်းကို ဖွဖွလေးပွတ်ဆွဲနေရာကနေ နည်းနည်းလေးဖိကပ်ပွတ်ဆွဲလို့နေပြန်တယ်။သူ့ရင်ထဲ ခိုးလုခုလုလှိုက်မောနေတွေက  တအားပဲ ထိန်းမရသိမ်းမရတွေဖြစ်နေပြီ...နှလုံးသားတွေပြုတ်ကျလာတော့မလိုပဲ။အသည်းတွေအူတွေပါ ယားစိယားစိနဲ့ ချန်းယောလ်လီရဲ့ စကားသံနဲ့ ဝိုင်သောက်ထားလို့ ခပ်ထွေထွေယစ်မူးသာယာနေမှုက အဆင်ပြေမနေလှဘူး။

ပြီးတော့သူလည်း ချန်းယောလ်လီကို ချစ်နေတဲ့သူပဲမို့ ချမ်းယောလ်လီအထိအတွေ့တွေက ပိုပြီးရင်ဖိုလှိုက်မောနေတော့တာပဲလေ..။

Love & War 💢 { Completed }Where stories live. Discover now