- 9 -

861 99 14
                                    

ဂယောင်ဆူးနှုတ်ခမ်းလေးက
သူ့ပါးစပ်ထဲပျော်ဝင်ကျသွားတော့မယ့်
ဂျယ်လီတုံးလေးလိုမျိုး...
အိစက်ကာနေတယ်...

သူဂယောင်ဆူးနှုတ်ခမ်းလေးကို
ထိကပ်ထားဖို့ပဲ သူပထမရည်ရွယ်ခဲ့မိတာ။အခုတော့...သူနှုတ်ခမ်းတွေ ပါးစပ်ထဲကလွှတ်ထွက်သွားမှာကိုပင် သူစိုးရိမ်လာနေပြီ။

မလွှတ်ချင်ဘူး အိစက်နုထွေးနေတဲ့ အသည်းပုံနှုတ်ခမ်းလေးကို...
သူမနေနိုင်စွာ ဂယောင်ဆူးလည်ပင်းကိုဆွဲယူကိုင်မော့ပစ်လိုက်ပြီး မလွှတ်စတမ်း...မနားမနေ...တရှိုက်မက်မက် သုံးဆောင်နေမိတယ်။

တရှိုက်မက်မက် သုံးဆောင်နေမိတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" အွန့် ...ချန်း.....ယောလ်....အွန်း "

"အင့်...ချန်း..."

အသက်ရှုမဝတော့လို့ ငြင်းဆန်နေတဲ့..
ဂယောင်ဆူးရဲ့အသံသေးသေးလေးတွေ....သူ့ကိုထုရိုက်လို့တွန်းထိုးနေတဲ့ လက်နုနုလေးတွေ...က
ဂယောင်ဆူးမသိဘူး...အဲ့လိုငြင်းဆန်မှုတွေက သူ့ရဲ့အလိုရမ္မက်ကိုအဆုံးထိတွန်းပို့ပေးနေမှန်း...

ထပ်ပြီးထပ်ပြီး လိုချင်လာတယ်။
နှုတ်ခမ်းနုနုလေးတင် မဟုတ်ဘဲ
နှုတ်ခမ်းအတွင်းသားတွေထိ..သူလျှာထိပ်လေးနဲ့ ဂယောင်ဆူးနှုတ်ခမ်းကိုတွန်းထိုးနေမိတယ်။သို့ပေမယ့်...

သူ့ရဲ့အကြောတင်းလေးက..
လုံးဝဖွင့်ဟမလာပါဘူး။
အူယားစွာအောက်နှုတ်ခမ်းသားလေးကို ကိုက်ချလိုက်မိတော့...ဂယောင်ဆူးက သူ့ရဲ့တွန်းထိုးနေမိတဲ့ လျှာဖျားလေးကို အားပါပါကိုက်ချလိုက်ပါတော့သည်။

အား.......

"ဂယောင်ဆူး မင်း ! "

" ဘာလုပ်တာလဲ ချန်းယောလ် ! မင်း !! "

သူနမ်းရှိုက်ကာထားတဲ့ နှုတ်ခမ်းရဲရဲလေးက ဒေါသတကြီးအော်ဟစ်လာပါတယ်။ဂယောင်ဆူး ဒေါသထွက်နေတာသူ့အတွက် ကြောင်လေးတစ်ကောင်လက်သည်းဝှက်ကာ စိတ်ဆိုးနေသလိုမျိုး...

Love & War 💢 { Completed }Where stories live. Discover now