~ 18 ~" အချစ် "
" ရှူး၊တိုးတိုး "
ဆိုင်ခန်းထဲမှတစ်ဆင့် အိမ်လေးထဲဝင်လာတဲ့ ချန်းယောလ်ကိုနှုတ်ခမ်းလေးမှာ လက်ညှိုးကပ်လို့ပြနေတဲ့ ဂယောင်ဆူး။
" Wae "
" မားမားခေါင်းမူးနေလို့ ဆရာဝန်ရောက်နေတာ "
" ဟင်၊ဟုတ်လား "
ဧည့်ခန်းထဲဝင်သွားကာကြည့်လိုက်တော့ ဟိုတစ်ခါဆရာဝန်မနဲ့နောက်ထပ်လူကြီးတစ်ယောက်။
" သားယောလ်လီ လာလေ "
ဧည့်ခန်းမှာစကားပြောနေတဲ့မားမားဒိုကသူ့ကိုမြင်သွားပြီးနောက်လှမ်းခေါ်လာသည်။သူမားမားဒိုအနားသွားလိုက်ပြီးကပ်ထိုင်လိုက်သည်။ပြီးနောက် ဆရာဝန်မကိုအကဲခတ်နေလိုက်သည်။သိပ်မကြာဘူး ကော်ဖီဗန်းငယ်နဲ့ရောက်လာတဲ့ ဂယောင်ဆူးကိုမြင်တာနဲ့ဟိုဆရာဝန်မမျက်နှာက ဝင်းပသွားလိုက်ပုံများ...အဟက်။
" ဂယောင်ဆူး လာငါ့နား "
ကော်ဖီဗန်းငယ်ကို စားပွဲပေါ်တင်ပြီးထိုင်စရာနေရာရွေးနေတဲ့ဂယောင်ဆူးကို သူလက်ယက်လို့ခေါ်လိုက်သည်။
" အင်း "
အချစ်က လိမ္မာပါတယ်..သူ့ဘေးနားမှာလာထိုင်တယ်၊သူ့မျက်နှာပေါ်ကအပြုံးကြီးကပေါ်ပေါ်ထင်ထင်ဖြစ်လို့နေသည်။စားပွဲခုံထိပ်မှာထိုင်နေတဲ့ လူကြီးကသူ့ကိုမေးဆတ်ပြလို့မေးလာသည်။
" သူလေးက..."
" မျက်နှာချင်းဆိုင်အိမ်ကသားလေး လေ..သားရဲ့ငယ်သူငယ်ချင်းလေးပတ်ချန်းယောလ်တဲ့..သားယောလ်လီနှုတ်ဆက်လိုက်ပါအုန်း "
" ဟုတ်အန်ကယ် သားပတ်ချန်းယောလ်ပါခဗျ "
" အိမ်နီးချင်းသူငယ်ချင်းကောင်းရှိတာကောင်းတာပေါ့၊အရေးအကြောင်းဆိုအားကိုးရတယ် "
" ဟုတ်တယ်ရှင့် တစ်မိသားစုလုံးကအမျိုးလိုပါပဲ "
ယောလ်လီပုခုံးပေါ်လက်လေးနဲ့အသာအယာပုတ်လို့နေသည့် မားမားဒို။ထို့နောက် လူကြီးနှစ်ယောက်ကရောဂါအကြောင်းထွေရာလေးပါးပြောနေကျချိန်..ချန်းယောလ်ကတော့ သူ့ဘေးနားကဂယောင်ဆူးကိုသာငေးကြည့်နေခဲ့တာပဲ..အေးချမ်းနေတာပဲသူ့အချစ်ကမြင်ရတာစိတ်တွေချမ်းသာချက်။ထို့အတူဂယောင်ဆူးကို ခိုးကြည့်နေခဲ့တဲ့သူလည်းနောက်တစ်ယောက်ရှိပါသေးတယ်..သူတို့နှစ်ယောက်အကြားမှာရှိနေတဲ့ ဂယောင်ဆူးကတော့ အငွေ့ပျံလို့ကိုယ်ယောင်ဖျောက်ပစ်ချင်မိသည်။
YOU ARE READING
Love & War 💢 { Completed }
Romanceဒိုဂယောင်ဆူးက ပတ်ချန်းယောလ်အပိုင်~~ ပတ်ချန်းယောလ်က ဒိုဂယောင်ဆူးပိုင်ရှင် ~~