- 17 -

857 97 15
                                    

ဟင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဟင်း.....

အပြန်လမ်းတစ်လမ်းလုံးတိတ်ဆိတ်နေသည့်ကားလေး...အသီးသီးသက်ဆိုင်ရာအိမ်ထဲဝင်ကျသည့်တိုင် ချန်းယောလ်ကအရင်လိုမဟုတ် နှုတ်ဆိတ်လွန်းနေပြန်တော့လည်းသူကမနေတတ်ပြန်ဘူး။အိပ်ရာပေါ်လူးလိမ့်နေမိပြီး သက်ပြင်းချနေမိတာ အခါခါ..သူ လုံးဝမနေနိုင်တဲ့အဆုံးအိမ်ကနေခိုးထွက်လာပြီး ခြံထဲသို့ဆင်းလာခဲ့သည်။ခြံထဲရောက်တော့ ချန်းယောလ်အိမ်ကိုချောင်းကြည့်နေမိခဲ့သည်။ ချန်းယောလ်အခန်းကမီးလင်းနေဆဲပဲ...သူဖုန်းခေါ်လိုက်မိသည်။

Ring....

" ပြော ! "

" မအိပ်သေးဘူးလား "

" အင်း အိပ်မပျော်သေးလို့ "

" ငါလာခဲ့ရမလား "

" ဟမ် အခုလား "

" အင်း တံခါးလာဖွင့်ပေးချန်းယောလ် ငါမင်းအိမ်ရှေ့မှာရယ် "

ပြတင်းပေါက်တံခါးကနေ လှမ်းကြည့်လာပြီးခဏ သူ့ကိုခြံတံခါးအပြေးလာဖွင့်ပေးလေသည်။

" နေမကောင်းဘူးလား အချစ်..
မျက်နှာလည်းမကောင်းဘူး "

" အွန်း လွမ်းနေလို့ "

" ဟမ် "

ချန်းယောလ်ကသာသူ့ကိုကပ်ချွဲနေတာအခါခါ..သူကပြန်ချွဲတာမျိုးမရှိသလောက်ရှားတာမျိုး။ချန်းယောလ်ကခပ်လွန့်လွန့်ပြုံးလို့ သူ့လက်ကိုဆွဲခေါ်ပြီးအိမ်ထဲဝင်သည်။သူလည်း ချန်းယောလ်လက်ကိုဆွဲကိုင်ထားပြီးအတူတူဝင်လာခဲ့သည်။ချန်းယောလ်အခန်းထဲရောက်သည့်တိုင် သူတို့ကုတင်ပေါ်အတူတူထိုင်နေကျဆဲ...။

" ချန်းယောလ် မားအကြောင်းသိတယ်မလား "

" အင်း "

Love & War 💢 { Completed }Where stories live. Discover now