~ 12 ~

118 8 0
                                    


~ 12 ~

ချန်းယောလ်တစ်ယောက်..ဂယောင်ဆူးကိုထွေးပိုက်ထားလို့ ရေချိုးခန်းထဲကနေထွက်လာခဲ့သည်။ကုတင်ပေါ်အရုပ်လိုသရုပ်သဖွယ်သာသာယာယာလေးချတယ်။ပြီးနောက်ချန်းယောလ်က သူ့ရဲ့ရေစိုနေတဲ့ခန္ဓာကိုယ်ကို တဘက်တစ်ထည်နဲ့ စိတ်ရှည်လက်ရှည်သုတ်ပေးကာနေတယ်။သူကကုတင်လေးပေါ်ငြိမ်ငြိမ်လေးထိုင်နေပေးရုံလေးပင်...

" ချန်းယောလ် ကိုယ့်ဘာသာဆက်သုတ်လိုက်တော့မယ်လေ..မင်းလည်းအေးနေပြီကိုး "

" ဟင့်အင်း ရတယ် "

တဘက်လေးနဲ့ခန္ဓာကိုယ်အနှံ့သုတ်ပေးနေရင်းကနေနောက်ဆုံးခြေချောင်းလေးတွေကအစတစ်ချောင်းချင်းစိတ်ရှည်လက်ရှည်သုတ်ပေးနေလေသည်။ပြီးနောက်တဘက်လေးကိုသူ့ပုခုံးပေါ်တင်ချလိုက်ပြီးခြေချောင်းလေးတွေအနား သူ့မျက်နှာကိုတိုးကပ်ကာလာလေသည်။အလန့်တကြားနှင့် သူကချန်းယောလ်လက်တွေထဲကအလျင်အမြန်ရုန်းထွက်မိသည်။

"ချန်းယောလ် ဘာလုပ်မလို့လဲ! "

သူ့ကိုတစ်ချက်မော့လာကြည့်ပြီးနောက်သူ့ခြေထောက်တွေကိုဆွဲယူလေသည်။ထို့နောက်ခြေဖမိုးဖောင်းဖောင်းလေးတွေအပေါ် အနမ်းခြွေချလေသည့် ချန်းယောလ်။

" ချန်းယောလ် "

ချန်းယောလ်ရဲ့လုပ်ရပ်ကြောင့် သူ့ရင်ဘတ်ထဲကအကောင်ငယ်သည် ထိန်းမရသိမ်းမရနဲ့၊ပရမ်းပတာခုန်ပေါက်ကာနေလေသည်။

"ချစ်တယ် ဒီခြေချောင်းလေးတွေကအစ "

" ပြွတ် ! "

ခြေချောင်းလေးတွေအထိ ချန်းယောလ်နှုတ်ခမ်းလွှာတွေကထိတွေ့လာပြီး
တစ်ချောင်းချင်းစီနမ်းရှိုက်လာလေသည်။သူဘာပြောလို့ဘာပြောရမှန်းမသိဆွံ့အကာမှင်သက်နေမိသည်။

" ချစ်သူဖြစ်လာတဲ့တစ်နေ့ ..ဒီလိုနမ်းပစ်မယ်လို့တွေးထားဖူးတယ်..အင်း.. ဆုံးဖြတ်ချက်လည်းချထားတယ် "

" ချန်းယောလ်ရာ..."

သူ့ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်ထိုင်ချထားတဲ့ သူ့ပေါင်ပေါ်ဆွဲယူတင်လို့နေပြန်သည်။ထို့နောက်ကုတင်ပေါ်ထိုင်နေသည့် သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ယူလို့ ချန်းယောလ်ကသူ့ကိုကြည့်လို့စကားဆက်ပြောလေသည်။

Love & War 💢 { Completed }Where stories live. Discover now