- 14 -

789 102 22
                                    

မားမားနေမကောင်းဘူး...
အခုတလော ကျောင်းTuto တွေရော..ချစ်သူဘဝချစ်ကြည်နူးနေတာနဲ့ မားမားကို ပစ်ထားမိသလို ဂရုမစိုက်မိသလိုဖြစ်သွားတဲ့ဂယောင်ဆူး။

" မား သားဒီနေ့ကျောင်းမသွားတော့ဘူး "

" မဟုတ်တာ "

" ဟုတ်ပါတယ် မားရဲ့ဆိုင်လည်းသားပဲစောင့်နေပေးမယ် မားအေးဆေးနားနေနော် "

" ရပါတယ် သားရယ် မားအလောက်ကြီးမလိုပါဘူး "

" လိုပါတယ် မားရာ..
သားပြောသလိုပဲနေပါ "

" လာ မားလာ "

ကုတင်ပေါ်ထိုင်ခိုင်းလို့
မားကို နှိပ်နယ်ပေးနေတဲ့ ဂယောင်ဆူး။
အသက်ကြီးလာလို့ ကျန်းမာရေးချို့တဲ့လာတဲ့ မားကိုသူအများကြီးဂရုစိုက်ပေးရအုန်းမယ်။

.......................................

တီတီတီ.....
အိမ်ရှေ့ကဆိုင်ကယ်လေးရဲ့အချက်ပေးသံက ဆူးခနဲ။

" သားယောလ်လီလေး လာပြီထင်တယ်..သားကျောင်းသွားရင်သွားပါ မားသက်သာနေပြီ "

" ဟင့်အင်း မား..
သားဒီနေ့ ကျောင်းမသွားဘူး "

" သားချန်းယောလ်ကို သွားပြောလိုက်အုန်းမယ်ခဏနော် မား "

" အေးအေးသား "

မားအခန်းတံခါးကို အသာအယာပိတ်ပေးလို့နေပြန်သည်။အိမ်ရှေ့ထွက်လာတော့သူ့ကိုကျောင်းအတူသွားဖို့လာခေါ်တဲ့ ချန်းယောလ်မျက်နှာကဆိုင်ကယ်ဦးထုတ်လေးအောက် ဆူပုတ်စပြုနေလေပြီ။

" ရှိူးထုတ်လို့ မပြီးဘူးနော် အချစ်!
တော်တော်ပဲများနေလိုက် မင်း ! "

" မဟုတ်ပါဘူး ချန်းယောလ်ရာ.."

" တက်လေ လာ ! "

" ငါ ဒီနေ့ကျောင်းမတက်ဘူး "

" ဟမ် ဘာလို့လဲ "

ဆိုင်ကယ်ပေါ်ကခပ်မြန်မြန်ဆင်းလာပြီး သူ့နဖူးကိုလာစမ်းတဲ့ချန်းယောလ်လက်ဖဝါးက အေးစက်နေပေမယ့် သူ့နှလုံးသားထဲမှာတော့ နွေးနေတာပဲ။

" ငါ ဘာမှမဖြစ်ဘူး ချန်းယောလ် "

" အဆို ဘာလို့လဲ "

Love & War 💢 { Completed }Where stories live. Discover now