~ 41 ~

88 4 0
                                    


~ 41 ~

" ချန်းယောလ် အိပ်နေပြီလား.."

" ချန်းယောလ်.."

" ရှူး ရှူး..."

Screen တစ်ဖက်ကနေ VC ပြောရင်း
အိပ်ပျော်သွားတဲ့ ချစ်ရသူကိုပြုံးပြီးစိုက်ကြည့်နေမိခဲ့သည်။တစ်ဖန် Screen ပေါ်လက်ညှိုးထိပ်လေးနဲ့ဖွဖွလေးပွတ်သပ်ထိတွေ့နေမိရင်း အလွမ်းဓာတ်တွေကိုမြိုချနေရသည်။

LDRS ကတကယ်မကောင်းဘူး။

အချိန်ကွာခြားမှုအချို့ကြောင့် ချန်းယောလ်နဲ့သူရဲ့ Screen time ကဖုန်းပြောခြင်း၊Voice mail ပို့ထားခြင်းပဲအဆင်ပြေသည်။VC ပြောရဖို့ တကယ်ခက်ခဲလွန်းသည်၊တစ်နေကုန်လုပ်ငန်းခွင်မှာကြီးကြပ်ကွပ်ကဲမှုကို လုပ်နေရတဲ့ချန်းယောလ်က တစ်နေ့တာပင်ပန်းနေခဲ့ရသမျှအနားယူချိန်မှာ သူ့ကိုအချိန်ဖဲ့ပြီးVC ပြောနေရခြင်းဖြစ်သည်။သို့ပေမယ့် တစ်ခါတစ်လေ ချန်းယောလ်ကအခုလိုမျိုး VC Call နဲ့ပြောနေရင်း အိပ်ယာပေါ်မှာအိပ်ပျော်သွားတာကများသည်။ထိုအခါ သူကဒီလိုမျိုးပဲငေးစိုက်ကြည့်နေရင်း၊ပြုံးနေမိရင်းပဲ ချစ်ရသူမျက်နှာကိုငေးမောခွင့်ရခဲ့သည်။

အရမ်းပင်ပန်းနေပြီလား ချန်းယောလ်၊တောင်းပန်ပါတယ်အရာအားလုံးငါ့ကြောင့်ပါပဲ..ငါ့ကြောင့် မင်းစိတ်ရောလူပါ ပင်ပန်းနေရပြီ။

နောက်တစ်နေ့ဆိုချန်းယောလ်က သူ့စီ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊စာတိုပို့ပြီးပဲ ဖြစ်ဖြစ် သူမနေ့ညကစကားပြောရင်းအိပ်ပျော်သွားတာကို စိတ်မဆိုးဖို့စိတ်ပူပင်စွာအမြဲပြောတတ်သည်။ထိုအခါသူကလည်း ဘာမှမဖြစ်ဘူး၊ဘာမှမဖြစ်ဘူး ဆိုပြီးပြန်ပြောတတ်သည်။ဒီလိုနဲ့ပဲ သူတို့ရဲ့ LDRS တစ်ခုကတစ်ယောက်ကိုတစ်ယောက် မျက်နှာပူစွာဖြတ်သန်းနေခဲ့ရသည်။

တစ်ယောက်က ထားခဲ့ရလို့မျက်နှာပူအားနာစိတ်တွေဝင်တယ်၊သူ့ကြောင့် သူ့ကောင်လေးစိတ်ပင်ပန်းလူပင်ပန်းနဲ့ဒုက္ခတွေများနေခဲ့မှာပဲဆိုပြီးတွေးမိတိုင်း သူ့ကိုမချစ်တော့မှာကိုစိုးရိမ်ပူပန်မိတယ်။ကျန်တစ်ယောက်ကလည်း ချစ်ရသူကောင်လေးအနေဝေးချိန် သူ့အပေါ်သွေးအေးသွားမှာကိုစိုးရိမ်ပူပန်မိပြန်တယ်၊တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကျပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်လျော့သွားမှာကိုလည်းသူတို့စိုးရိမ်စိတ်ဝင်နေကျဆဲဖြစ်သည်။

Love & War 💢 { Completed }Where stories live. Discover now