- 40 -

727 77 81
                                    

မြို့ပြရဲ့နေ့လည်ခင်းအပူရှိန်က
ကွန်ဒိုခန်းငယ်ထဲက မွေ့ယာပေါ်မှာတစ်ယောက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ်သိုင်းဖက်ကာထားပြီးနှစ်ခြိုက်စွာအိပ်မောနေကျတဲ့ကောင်လေးနှစ်ယောက်နဲ့ လားလားမျှမသက်ဆိုင်သလိုမျိုးပဲ...ထိုလူသားလေးနှစ်ယောက်ကတော့တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာထားပြီး အိပ်ပျော်နေကျဆဲဖြစ်သည်။

အင်း.....

စောင်ပုံလေးထဲကနေ ပထမဦးစွာနိုးလာတဲ့တစ်ယောက်က နားထင်ကိုညာဖက်လက်တစ်ဖက်နဲ့ခဏနှိပ်နယ်လို့နေနေသေးသည်။ခဏအကြာမှာတော့ သူကသူ့ရဲ့ဘယ်ဘက်လက်ကိုမျက်နှာနဲ့ဆံနွယ်အချို့ကိုပွတ်သပ်ဖို့ဆန့်ထုတ်ရန်ပြင်လိုက်သည့်အခါ ထိုလက်တစ်ဖက်ကစိတ်စေရာအတိုင်းသူ့အနားရောက်မလာခဲ့ပါ။တစ်ခုခုကဖိအိပ်ထားသလိုမျိုး၊သူ့စိတ်ထဲ အလန့်တကြားဖြစ်သွားပြီးနောက် သူ့ဘေးဘက်ကိုဝေ့ကြည့်မိသည့်အခါ...

ဂယောင်ဆူး...ကိုယ့်အချစ်။

ဘယ်လို ဘယ်လိုလုပ်ပြီး ချစ်ရသူကသူ့ဘေးနားမှာ အိပ်ပျော်နေရတာလဲ။ဒါဆို မနေ့ကအိမ်မက်က၊အိမ်မက်မဟုတ်ဘူးပေါ့။ပျော်ရွှင်ခြင်း၊ရင်ခုန်မှု၊မချိတင့်ကဲခံစားမှုအမျိုးမျိုးကို တစ်ချိန်တည်းခံစားသိရပြီးနောက် သူ့လက်မောင်းကိုခေါင်းခုပြီးအိပ်ပျော်နေတဲ့ ထိုလူသားလေးကို ဖျက်ကနဲ..သူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး ခပ်တင်းတင်းပွေ့ဖက်ထားကာလိုက်မိသည်။

အရမ်းလွမ်းနေခဲ့လိုက်ရတာ
ကိုယ့်အချစ်ရယ်..

ချစ်ရသူမျက်နှာလေးကို မြတ်နိုးမဝစွာငေးကြည့်နေမိခဲ့ပြီး၊ချစ်မဝနိုင်လွန်းစွာ နှာခေါင်းထိပ်ချင်းပွတ်သပ်လိုက်၊နဖူးလေးကိုငုံ့နမ်းလိုက်၊ပါးလေးကိုအချင်းချင်းကပ်လိုက်ခွာချလိုက်နဲ့ အသည်းယားနေမှုအချို့ကို သူကတစ်ခုချင်းထုတ်ဖော်ပြသနေခဲ့ပါသည်။သူ့ရင်ခွင်ထဲကို ပိုတိုးပြီးဆွဲထည့်လိုက်ရင်း  ရှန်ပူနံ့ခပ်သင်းသင်းလေးရနေသည့်ချစ်ရသူဆံနွယ်တွေကြားထဲ သူ့နှာခေါင်းနှစ်မြုပ်သွားသည်အထိရူရှိုက်နေမိခဲ့သည်။တစ်ဖန် အရမ်းလွမ်းနေခဲ့ရသည့်ချစ်သူ့ကိုယ်သင်းရနံ့ကိုရူရှိုက်ပစ်ဖို့ သူ့ရင်ခွင်ထဲအိပ်နေသည့် ချစ်ရသူ၏လည်တိုင်ကြားထဲ သူ့မျက်နှာကိုအပ်ထားမိပြန်သည်။

Love & War 💢 { Completed }Where stories live. Discover now