~ 11 ~

119 5 0
                                    


~ 11 ~

ရေချိုးခန်းလေးထဲ..
ဂယောင်ဆူးတစ်ယောက် အတွင်းခံဝတ်ဘောင်းဘီအမဲတိုလေးမှလွဲလို့ခန္ဓာကိုယ်ပေါ် ဘာမှမရှိတော့ပေ။
ရေပူရေအေးခလုတ်ကိုချိန်နေပြီးမှ သူရေပန်းခလုတ်ကိုလှည့်ဖွင့်လိုက်သည်။ရေစက်ရေမှုန်တွေက ရေပန်းမှတစ်ဆင့် စီးဆင်းကျလာသည်။ရေပန်းအောက်မှာ သူလက်တစ်ဖက်ဖြန့်လိုက်ပြီးရေအပူချိန်အနေအထားကိုတစ်ချက်စမ်းပြီးကာမှ..သူရေပန်းအောက်သို့ တိုးဝင်ရပ်လိုက်ပါတော့သည်။

သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာတဲ့ရေမှုန်ရေအေးစက်တွေ..သူ့ဦးခေါင်းပေါ်မှတစ်ဆင့်ခန္ဓာကိုယ်ပေါ်ဖြတ်သန်းစီးဆင်းသွားတဲ့ရေစီးချောင်းတွေနဲ့အတူအကြောအချဥ်တွေပြေသွားသည်အထိ စိတ်တွေပေါ့ပါးလန်းဆန်းသွားသည်အထိခံယူနေပြီးကာမှသူ့ဦးခေါင်းကိုရေပန်းအောက်မှတစ်ဆင့်မော့ချလိုက်မိသည်။မျက်နှာပေါ်တိုက်ရိုက်ကျလာတဲ့ ရေမှုန်ရေစက်တွေကို မျက်နှာတွေနီစပ်လာသည်အထိငြိမ်ခံနေပြီးမှ လက်နှစ်ဖက်နဲ့ မျက်နှာကိုပွတ်ချလိုက်သည်။ပြီးနောက် နဖူးပေါ်အချောင်းလိုက်စီးကျနေတဲ့ ဆံနွယ်တွေကို အပေါ်သို့လှန်တင်သပ်တင်လိုက်မိသည်။

..................................

ဂယောင်ဆူးရေချိုးခန်းထဲ
ဝင်သွားသည်နှင့် အချိန်တစ်ခုကြာသည်အထိ ကုတင်ပေါ်ထိုင်နေမိသည်။ပြီးနောက်မနေနိုင်စွာပဲ..စိတ်မထိန်းချုပ်နိုင်စွာပဲသူသည်ရေချိုးခန်းတံခါးကိုလှည့်ဖွင်လိုက်လေသည်။

ကျွီ....!

ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး..
ရေချိုးခန်းထဲဝင်ဖို့ ခြေလှမ်းစတင်ဝင်လိုက်သည်နှင့်..ရေပန်းအောက်မှာရှိနေတဲ့သူ့ရဲ့ဂယောင်ဆူး။

တံခါးကိုပြန်ပိတ်လော့ချလိုက်ပြီးနောက်တံခါးကိုမှီလို့ သူရပ်ငေးကြည့်နေမိသည်။ရေစက်တွေက ဂယောင်ဆူးရဲ့ခန္ဓာကိုယ်ပေါ် စီးချက်ညီညီခုန်ပေါက်စီးကျလို့နေသည်။ဂယောင်ဆူးခန္ဓာကိုယ်ပေါ်  ဖြတ်သန်းစီးဆင်းနေတဲ့ရေစီးချောင်းတွေကို သူမနာလိုဖြစ်မိသွားတယ်။သူ့လက်ဖဝါးတွေနဲ့ရေစီးချောင်းတွေရပ်တန့်သွားသည်အထိ ပွတ်တိုက်ပစ်ချင်လာသည်။
ပြီးတော့ဂယောင်ဆူးရဲ့နောက်ကျောအလှတွေကို အစအဆုံးငေးကြည့်နေမိသည်။ဦးခေါင်းပေါ်ကဆံနွယ်တွေကအစ ကြမ်းပြင်ပေါ်ရပ်တန့်နေသည် ခြေချောင်းရဲရဲလေးတွေအဆုံး..စိတ်လှုပ်ရှားလွန်းလို့ သူ့လည်ဇလုပ်ကခပ်မြန်မြန်ပဲအထက်အောက်ကြိမ်ဖန်များစွာလှုပ်ရှားနေခဲ့သည်။

Love & War 💢 { Completed }Where stories live. Discover now