~ 8 ~

110 9 0
                                    


~ 8 ~

Past ~~

တက္ကသိုလ်ရွေးချယ်ခြင်း ~~

" ချန်းယောလ်! "

" ဘာလဲ! "

" ငါမတက်နိုင်ဘူး! "

" မရဘူး တက်ရမယ် !"

"ငါ ဝါသနာမပါဘူး ချန်းယောလ်ရာ.."

" မပါလည်း တက်ရမယ် !"

" မင်း ရူးနေလား ! "

" အေး ရူးနေတာကွာ ရှင်းလား "

ကျစ်....စိတ်ရှုပ်စွာစုတ်သက်မိရုံမှအပ။

ချန်းယောလ်နဲ့သူ နှစ်ယောက်လုံး အင်ဂျင်နီယာနည်းပညာတက္ကသိုလ်ကိုတက်ဖို့ရွေးချယ်ထားတာခြင်းတူတယ်။ဒါပေမယ့် မေဂျာရွေးချယ်မှုမှာတော့ တူညီခြင်း မရှိတော့ပေ။

ချန်းယောလ်က Architecture ဗိသုကာလိုင်းကိုရွေးချယ်တယ်..ပြီးတော့သူ့ကိုပါအတူတူတက်ရမယ်ပြောလာတယ်။သူရွေးချယ်ထားတာက Design & Decoration အပိုင်း။
သူဝါသနာပါတာ သူသဘောကျတာမျိုးပဲသူကတက်ချင်တယ်။ ပြီးတော့တစ်ကျောင်းတည်းအတူရှိနေမှာပဲလေ..ကျောင်းဆောင်တွေအနည်းငယ်လှမ်းနေတာကလွဲလို့ အတူတူပဲလေ။ဒီပြသာနာက မေဂျာစပြီးရွေးချယ်လိုက်တဲ့နေ့ကစပြီး တက်လိုက်တဲ့ပြသာနာတွေ..ပြီးတော့စကားများရန်ဖြစ်ခြင်းတွေ။

ဟင်း....သူသက်ပြင်းမောတွေအချိန်ပြည့်ချနေရတယ်။ဒီလိုမျိုးတွေ ဘယ်အချိန်ထိဖြစ်နေမှာလဲ တကယ်ပါပဲ။

" ဂယောင်ဆူး ငါပြောတာကြားလား "

" ချန်းယောလ် မရစ်စမ်းနဲ့ကွာ..ငါမတက်ဘူးလို့ပြောနေတယ်လေ "

" ပြန်ပြော!! "

" မတက်ဘူးကွာ၊ရှင်းလား! "

" သေချာလား မင်း!! "

" သေချာတယ်၊ငါမတက်ဘူးလုံးဝ!! "

" တောက်စ်...ဒိုဂယောင်ဆူး မင်း!! "

ဧည့်ခန်းဆိုဖာပေါ် ကနေဝုန်းကနဲ..ထိုင်နေရာကနေထရပ်လိုက်ပြီးနောက်
တဒုန်းဒုန်းနဲ့ မြင်ရာကန်ကျောက်ပြီးမှ အိမ်ထဲကနေထွက်သွားလေသည်။

ဟင်း..သူဒီတစ်ခါတော့ ချန်းယောလ်ကို တကယ်အလိုမလိုက်ချင်တော့ဘူး။

Love & War 💢 { Completed }Where stories live. Discover now