အောက်အီးအီးအွတ်.....!
နားစည်အတွင်းသို့ ရိုက်ခတ်လာသော ကြက်တွန်သံကြောင့် နေစစ်ရှိန် အိပ်နေရာမှ နိုးလာခဲ့သည်။တစ်ညလုံး ထိပ်တုံးခတ်ခံထားရသည့်အတွက် လှုပ်၍မရတာ
ကြောင့် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတစ်လျှောက် ထုံကျဉ်ကိုက်ခဲနေ၏။
ထို့ကြောင့် သူလည်း ကျွတ်သပ်ကာ ညည်းညူရင်း ရင်ဘတ်ထံမှ စိုထန်းထန်း အထိအတွေ့ ခံစားနေရ၍ ရင်ခွင်ထဲသို့ ငုံ့
ကြည့်လိုက်၏။ငုံ့ကြည့်လိုက်သည်နှင့် ရင်ခွင်ထဲတွင် ပါးစပ်လေးဟပြီး အိပ်ပျော်နေသော ငယ်လေးအား တွေ့လိုက်ရ၏။ ပါးစပ်လေးဟပြီး အိပ်ပျော်နေသည့် အတွက် သွားရည်ကြောင်းလေးဟာလည်း သူ၏ ရင်ဘက်ပေါ်သို့ စီးကျနေသည်မှာ စမ်းချောင်းလေးပမာ။ သူ၏ ရင်ဘတ်ပေါ်တွင်လည်း သွားရည်ကွက်ကြီးက အထင်းသား။
နေစစ်ရှိန်လည်း နှုတ်ခမ်းကွေးယုံမျှ ပြုံးလိုက်ပြီး ၊ ငယ်လေး၏ ပါးပြင်ပေါ်မှ သွားရည်စီးကြောင်းလေးအား လက်မလေးဖြင့် ခပ်ဖွဖွလေး ပွတ်သပ်ကာ
သန့်ရှင်းပေးလိုက်၏။ ထို့နောက် နှာဖူးထက်သို့ ခပ်အုပ်အုပ်ကလေးကျနေသော ဆံနွယ်လေးများကိုလည်း သပ်တင်ပေးလိုက်သေး၏။ဆံနွယ်လေးများ သပ်တင်ပေးလိုက်တော့မှ ငယ်လေး၏ ဖြူအုနေသောမျက်နှာပြင်လေးအား သေချာမြင်တွေ့လိုက်ရ၏။
ငယ်လေးနှင့် ခုတင်တစ်ခုတည်း အတူတူအိပ်ကြသည်ဖြစ်သော်လည်း ငယ်လေး၏ မျက်နှာပြင်လေးအား ယခုကဲ့သို့ နီးနီးကပ်ကပ် မမြင်ဖူးသေးပေ။ မမြင်ဖူးဘူး ဆိုတာထက် မျက်နှာချင်းမဆိုင်ဖြစ်သည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။တစ်ယောက်နှင့်တစ်ယောက် မတည့်သည်က များ၍ ကျောပေးပြီး အိပ်တာက ပိုများသည်။ မနက်မိုးလင်းလျှင်လည်း ငယ်လေးက ရွာထဲသို့ တစ်နေကုန် လျှောက်လည် ၊ ညနေစောင်းမှသာ ပြန်လာ၍ နှစ်ယောက်သား ဆုံသည့်အချိန်ဟာ ထမင်းစားချိန် တစ်ချိန်တည်းသာ။
နေစစ်ရှိန်လည်း ငယ်လေး၏ မျက်နှာပြင်
ဖွေးဖွေးလေးအား သေချာစိုက်ကြည့်ပြီး ၊ အလွတ်မှတ်မိနေစေရန် အသေးစိတ်မှတ်သားနေလိုက်၏။~
ခနကြာတော့ ရင်ခွင်ထဲမှ ငယ်လေးဟာ
တလှုပ်လှုပ်တရွရြွဖင့် ခန္ဓာကိုယ်လေးအား လွန့်လူးကာ အိပ်နေရာမှ နိုးလာသည်။