ဒီနေ့လေးဟာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့လေးတစ်နေ့။ သင်္ကြန်အတက်နေ့ ပြီးသည့်အခါနှစ်သစ်၏ ပထမဆုံး နေ့ဖြစ်သော 'နှစ်ဆန်းတစ်ရက်နေ့'သို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ မြန်မာနိုင်ငံတွင်တော့ နှစ်ဆန်း(၁)ရက်ကို 'မင်္ဂလာအခါတော်နေ့' အဖြစ် သတ်မှတ်ကျင်းပကြသည်။ယခုလို ကျင်းပရခြင်း ရည်ရွယ်ချက်များမှာတော့...
(၁)သတ္တဝါအားလုံး အနိဋ္ဌာရုံတွေ
ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်းနှင့် ပြည့်စုံကြစေရန်
(၂)ဘေးဥပါဒ်အန္တရာယ် ကင်းဝေးကြစေရန်
(၃)အကုသိုလ်စိတ်များ ဖယ်ခွာပြီး ၊ ကုသိုလ်စိတ်များ ပွားများကြစေရန်
(၄)အရှက်နှင့်အကြောက် လောကပါလ
တရားနှစ်ပါး ထွန်းကားကြစေရန်
(၅)ဗြဟ္မဝိဟာရတရားလေးပါး ထွန်းကားပြန့်ပွားစေရန်နှင့်
(၆)မင်္ဂလာတရားတော်များ ထွန်းကားပြန့်ပွားစေရန် တို့အတွက် ရည်ရွယ်ပြီး ကျင်းပကြခြင်းဖြစ်၏။နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ဟာ ရိုးရာဓလေ့အတိုင်း ဘုရားသွားကျောင်းတက်ပြီး
ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှု များပြုလုပ်ကြ၏။ တန်ခိုးကြီးဘုရားများအား ဖူးမျှော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ကြသကဲ့သို့၊ နှစ်ဆန်းတစ်ရက်နေ့ အစဉ်အလာအတိုင်း ငါးလွှတ်ပွဲများ ၊ ငှက်လွှတ်ပွဲများ ၊ စတုဒီတာကျွေးပွဲများဖြင့် စည်ကားလို့နေသည်။နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နှစ်ပတ်လုံး ကံဇာတာကောင်းမွန်စေရန် ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည့် သဘောဖြစ်သည်။ ထို့ကြောင့် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ဖြစ်ခြင်း၊ ပိုက်ဆံချေးခြင်း၊ ပူဆွေးငိုယိုကြခြင်း နှင့် ဈေးဝယ်ခြင်းများအား မြန်မာ့ရိုးရာ ယုံကြည်မှုအရ ရှောင်ကြဉ်ကြခြင်းဖြစ်၏။
~
အရိပ်လေးတို့လည်း ယနေ့လို အခါသမယ နေ့ထူးနေ့မြတ်လေးတွင်
အကောက်တောင်နှင့် ပြည်ရွှေဆံတော် ဘုရားများသို့ သွားရောက်ဖူးမြှော်ကြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အပြန်တွင် ပြည်ညစျေး သို့ ဝင်လည်ကြမည်သာ။