(၃၁)ယူနီကုဒ်

8.9K 509 14
                                    

အခန်းထောင့်ဘက်နားလေးမှာ ရပ်နေရင်း သူရိယနေမင်းကြီးထွက်ပေါ်လာ
သည့် နံနက်ခင်းဆည်းဆာအလှအား ရပ်ကြည့်နေသော ချစ်ရိပ်ငယ်။

နေစစ်ရှိန်လဲ ရင်ခွင်ထဲမှ လစ်ဟာနေ
သည့်အတွက် ငယ်လေး အိပ်ယာထသွားမှန်း ခန့်မှန်းမိသည်။ ထို့နောက် မ
ပွင့်သေးသည့် မျက်လုံးတို့အား ဖွင့်ကာ အခန်းအတွင်းသို့ ဝေ့ဝဲကြည့်လိုက်တော့ အခန်းထောင့်တွင်ရပ်ပြီး နံနက်ခင်းဆည်းဆာ အလှအား ရပ်
ကြည့်နေသည့် ငယ်လေး။

နေစစ်ရှိန်လဲ ခုတင်ထက်မှဆင်းကာ ငယ်လေးအနားသို့လျှောက်သွားလိုက်ပြီး အနောက်မှသိုင်းဖက်ထားလိုက်သည်။ ကိုယ်ငွေ့နွေးနွေးလေး ခံစားလိုက်ရတာကြောင့် ငယ်လေးရဲ့ နှာဖူးထက်သို့ လက်တင်ကာ စမ်းသပ်ကြည့်လိုက်တော့ ဖျားနေလေပြီ။

"ငယ်လေး နေမကောင်းဖြစ်နေတာလား"

"ဟုတ် ရင်ထဲနေလို့မကောင်းဘူး
ဦးနေ"

"နေမကောင်းဖြစ်နေတာကို ဘာလို့အစောကြီးထနေတာလဲ
ငယ်လေးရာ"

"အိပ်လို့မပျော်လို့ပါ"

"ဒါဆိုတစ်ညလုံးမအိပ်ရသေးတာလား"

သူမေးလိုက်တော့ ခေါင်းညိတ်ပြလာသည်။

အရိပ်လေး မနေ့ကခရီးပန်းပြီး ပင်ပန်းတာရော၊ နေရာအပြောင်းအလဲဖြစ်တာကြောင့်ပါ တစ်ညလုံး အိပ်မပျော်တာကြောင့် ဦးနေအား မလိမ်ပဲ ခေါင်းညိတ်ပြလိုက်တယ်။

မနေ့က ခရီးပန်းထားသည့်ဒဏ်ကြောင့် ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့် သူလဲ တစ်ချိုးတည်းအိပ်ပျော်သွားသည်။ ထို့ကြောင့် ငယ်လေး တစ်ညလုံးအိပ်မပျော်တာကို သူမသိလိုက်ပေ။

"ကျစ်! ဘာလို့ကိုယ့်ကိုမနှိုးတာလဲကွာ"

"ဦးနေ အိပ်ရေးပျက်မှာဆိုးလို့ပါ"

"ကိုယ်Doctorခေါ်ပေးမယ်နော်"

"အာ Doctorခေါ်စရာမလိုပါဘူး မနေ့က ခရီးပန်းထားတဲ့အရှိန်ကြောင့်ဖျားတာနေမှာပါ။ ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ။ ငယ်လေးအဆင်ပြေပါတယ်"

"ငယ်လေးအဆင်ပြေပေမယ့် ကိုယ်မပြေဘူးလေ။ ကိုယ် ဒယ်ဒီ့ကို Doctorခေါ်ခိုင်းလိုက်မယ်နော်"

အရိပ်လေးတို့ရွာ (Complete)Where stories live. Discover now