(၁၂)ဇော်ဂျီ

5.4K 233 3
                                    

အချိန်တွေဟာ ကုန်လွန်တာ မြန်ဆန်လွန်းလှပါသည်။ မနက်ဖြန်ဆို သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့)ဖြစ်သည်။

ရွာသင်္ကြန်ဖြစ်၍ မြို့ပေါ်တွေမှာကဲ့သို့ မဏ္ဍပ်အကြီးကြီးတွေ မရှိဘဲ မိမိတို့အိမ်ရှေ့တွင် စည်ပိုင်းလေးချပြီး ရေကစားကြခြင်းသာ။ တချို့နေရာများတွင်တော့ အုန်းလက် မဏ္ဍပ်လေး ဆောက်ပြီး ရေကစားကြသည်။

ရေကစားကြသည်မှာလည်း ကလေးများသာ ကစားကြခြင်းဖြစ်၏။ တချို့ ဆယ်ကျော်သက်အရွယ် ကောင်လေး၊ ကောင်မလေးများလည်း ကစားကြ၏။ သို့သော် အနည်းအကျင်းမျှသာ။

အများစုကတော့ မိဘ၊ ဘိုးဘွားများနှင့်အတူ ရွာဉီးကျောင်းသို့ လိုက်လာကြပြီး ဥပုသ်သီတင်း စောင့်တည်ကြ၏။ ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်။ ထိုအခြင်းအရာကိုကြည့်ပြီး နေစစ်ရှိန်ပင် သံဝေဂ ရမိသည်။

မြို့မှာဆို ဆယ်ကျော်သက်အရွယ်ကောင်လေး၊ ကောင်မလေးများမှာ မူးရူးပြီး ကခုန်ပျော်ပါးနေကြ၍ ဘုရားမေ့ တရားမေ့ဖြစ်နေကြသည်သာ။ သူ(နေစစ်ရှိန်)ကိုယ်တိုင်လည်း အပါအဝင်ဖြစ်သည်။

အလှူအတန်းဆိုသည်မှာလည်း အပြိုင်အဆိုင်ပင်။ တစ်အိမ်က မုန့်လုံးရေပေါ်လှူလျှင် ၊ နောက်တစ်အိမ်က သာကူကျိုတိုက်သည်။ တစ်အိမ်က ရွှေရင်အေးတိုက်လျှင် ၊ တခြားအိမ်က မုန့်လက်ဆောင်းတိုက်သည်။

လှူသမျှ အလှူတိုင်းကို ပတ် စားနေသည်က ငယ်လေးနှင့် ဘုန်းမင်းရောင်၏ လင်တော်မောင်လေး အလင်းတို့ပင်။ ဘယ်အိမ်မှာ ဘာလှူနေသည်ဟု အသံမကြားလိုက်နှင့် ၊ အသံကြားလိုက်သည်နှင့် ထိုအိမ်ရှေ့သို့ အရင်ရောက်နှင့်နေသည်မှာ ငယ်လေးတို့ပင်။

~

"ငယ်လေးရေ မပြီးသေးဘူးလား"

ဒီနေ့ ဒယ်ဒီနှင့် မိတ်ဆက်ပေးမည်ဟုပြောထား၍ မနက်မိုးလင်းကတည်းက ပြင်ဆင်နေသည်မှာ ယခုထက်တိုင် မပြီးသေးပေ။ နေစစ်ရှိန်လည်း စိတ်မရှည်စွာ အခန်းထဲသို့သာ ပြန်ဝင်လာခဲ့သည်။

အခန်းထဲသို့ ရောက်သည်နှင့် မြင်တွေ့လိုက်ရသည်က အဝတ်ပုံကြားထဲတွင် မျက်နှာလေးရှုံ့မဲ့ပြီး စိတ်ပျက်လက်ပျက် ထိုင်နေပါသော ငယ်လေး။ သူလည်း နှုတ်ခမ်းကွေးရုံသာ ပြုံးလိုက်ပြီး ငယ်လေးအနားကို လျှောက်သွားလိုက်သည်။

အရိပ်လေးတို့ရွာ (Complete)Where stories live. Discover now