(၂၈)ယူနီကုဒ်

9.7K 546 10
                                    

ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား
သည့်အတွက် မနက်မိုးလင်း၍ နိုးလာတော့ စိတ်ကြည်လင်ကာ လန်းဆန်းလို့နေသည်။

အရိပ်လေးလဲ ခါးထက်၌ ဖက်ထား
သည့် ဦးနေရဲ့ လက်အား အသာမကာ ဖယ်လိုက်ပြီး အိပ်ယာထက်မှ ထလိုက်သည်။ ထို့နောက် ဦးနေရဲ့ မျက်နှာပေါ်မှ အစိတ်အပိုင်းလေးများကို သေချာစိုက်ကြည့်နေလိုက်သည်။

အရိပ်လေးလဲ ဦးနေရဲ့ ထူထဲပြီး
မည်းမှောင်နေတဲ့ မျက်ခုံးလေးအား လက်ညှိုးလေးဖြင့် အသာ တို့ထိလိုက်ပြီး...

' ဒီမျက်ခုံးလေးကို ချစ်တယ်... '

ထိုမှတစ်ဆင့် မျက်လုံး...

' ဒီမျက်လုံး... တစ်ချက်ကြည့်လိုက်ယုံနဲ့ အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ အညိုရောင် မျက်ဝန်းလေးတွေကိုလဲ ချစ်တယ်... '

ပြီးနောက် နှာတံချွန်ချွန်လေးအား တို့ထိလိုက်ပြီး...

' ငယ်လေးရဲ့ ပါးကို ချိုင့်ဝင်အောင် နမ်းတတ်တယ် ဒီနှာတံ ချွန်ချွန်လေးကိုလဲ ချစ်တယ်.. '

ထိုမှတစ်ဆင့် အနည်းငယ် ထူသယောင်ယောင် ဖြစ်နေတဲ့ နှုတ်ခမ်းလေးအား ထိတွေ့လိုက်ပြီး...

' ဘယ်အချိန်နမ်းနမ်း နမ်းလို့ မဝတဲ့ ဒီနှုတ်ခမ်းလေးကို အရမ်း အရမ်းချစ်တယ်.. ခစ်ခစ်ခစ်... '

အရိပ်လေးလဲ ကိုယ့်စကားကိုယ် သဘောကျကာ တခစ်ခစ် ထရယ်လိုက်တယ်။

" ကိုယ့်ကို ရော မချစ်ဘူးလား.. "

" ဟမ်... "

နေစစ်ရှိန်လဲ သူ့အား ပြူးကြောင်ကြောင်လေး ကြည့်နေသည့် ငယ်လေးအား အသည်းယားလာတာကြောင့် ထထိုင်လိုက်ပြီး ပါးလေးအား အနမ်းတစ်ချက်ပေးကာ ပွေ့ဖက်ထားလိုက်သည်။

" ကိုယ့်ကိုရော မချစ်ဘူးလားလို့.. "

" ချစ်တယ် .. အရမ်းချစ်တယ်.. "

နေစစ်ရှိန်လဲ ငယ်လေးရဲ့ ပါးလေးအား အနမ်းတစ်ပွင့် ထပ်ခြွေလိုက်ပြီး...

" မွ... ကိုယ်လဲ အရမ်း အရမ်းချစ်တယ်... "

" ဟုတ်.. ငယ်လေး ဗိုက်ဆာတယ် ဦးနေ.. "

အရိပ်လေးတို့ရွာ (Complete)Where stories live. Discover now