ကလင် ကလင် ကလင်...!!
" မိတုတ်ရေ... ဟဲ့ မိတုတ်... "
ဧည့်ခန်းထဲတွင် သတင်းစာ ထိုင်ဖတ်နေသည့် ဦးနေလင်းမာန်ဟာ ဖုန်းသံမြည်လာတာကြောင့် မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသော မိတုတ် အား လှမ်းခေါ်လိုက်သည်။
" ရှင် ဘဘကြီး... "
" ရှင်ကိုနောက်ထား ... ဖုန်းလာနေတယ် ဖုန်းအရင်လာကိုင်စမ်းပါ... "
" ဟုတ် ဘဘကြီး... "
မိတုတ်လဲ လက်နှီးလေးအား အသာချပြီး အိမ်ဖုန်းရှိရာ လှေကား အနီးသို့ ပြေးထွက်လာခဲ့သည်။
" ဟယ်လို အမိန့်ရှိပါရှင်... မိတုတ် ဖုန်းပြောနေပါတယ် "
" ဟယ်လို မိတုတ်... လေးလေး ရှိလား. "
" ဟယ် မမလေးလား... "
" အေး ဟုတ်တယ်... လေးလေး အိမ်မှာ ရှိလား... "
" ဟုတ်ကဲ့ ရှိတယ် မမလေး... "
" အေး ရှိရင် လေးလေးကို ဖုန်းပေးလိုက်စမ်းပါ...ငါအရေးတကြီး ပြောစရာရှိလို့... "
" ဟုတ်ကဲ့ မမလေး... "
မိတုတ်လဲ ဖုန်းလေးအား ခြင်းထဲသို့ အသာ ပြန်ထည့်လိုက်ပြီး...
" ဘဘကြီး...မမလေးက ဘဘကြီးနဲ့ ဖုန်းပြောချင်လို့တဲ့... "
" ဪ.. အေးအေး ငါဆက်ပြောလိုက်မယ် နင်လုပ်စရာရှိတာ ဆက်လုပ်တော့လေ... "
" ဟုတ်ကဲ့... "
မိတုတ်လဲ ဘဘကြီးအား ပြန်ဖြေပြီးတာနှင့် မီးဖိုခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ဦးနေလင်းမာန်လဲ ဧည့်ခန်းထဲတွင် ထိုင်နေရာမှ ထလာပြီး ဖုန်းကိုင်လိုက်သည်။
" ဟယ်လို သမီးလေး... "
" ဟယ်လို လေးလေး နေကောင်းလား.."
" ကောင်းပါ့ဗျာ ကောင်းပါ့... "
" လေးလေး မေ ပြောထားတဲ့ ကျောင်းဆောက်ဖို့ ကိစ္စလေ..အဲ့ဒါ နောက်
အပါတ်ထဲ စလို့ ရမလား... "" ရတာပေါ့... လေးလေး အကုန် စီစဥ်ပေးမယ်နော်... "
" ဟုတ်ကဲ့ လေးလေး... "
" ဒါနဲ့ သမီးကိုကိုရော ... ရှိလား "
" ကိုကို ဆေးရုံမှာ လူနာစောင့်နေတယ် လေးလေး "