အချိန်ကား ည(၈:၀၀)နာရီ.....
အင်းဟင်းဟင်း....
တိတ်ဆိတ်နေသော အခန်းလေးဝယ် ညည်းသံ ပိစိလေးများ ပျံ့လွင့်လျက်...
' ချမ်းတယ် ... ဉီးနေ ချမ်းတယ်... '
အရိပ်လေးတစ်ယောက် နွေးထွေးမှုအပေါင်းဖြင့် ဆီးကြိုနေသည့် ရင်ခွင်ကျယ်ကြီးထဲသို့ ခိုအောင်းနေပါသော်လည်း ချမ်းစိမ့်မှုက ပြေလျော့မသွားပေ။
' ဟင်း...ချမ်းတယ် ဉီးနေ ချမ်းတယ်.. ဟင့် မကြားချင်ဘူး... မပြောပါနဲ့ စိတ်ပျက်တယ်လို့ မပြောပါနဲ့ ... ငယ်လေး မခံစားနိုင်လို့ စိတ်ပျက်တယ်လို့ မပြောပါနဲ့... အီးဟီးဟီး... '
နေစစ်ရှိန်လဲ ငိုသံလေးများ ပျံ့လွင့်နေသည့်အတွက် အိပ်နေရာမှ နိုးလာခဲ့တယ်။ နိုးလာသည်နှင့် ခုတင်ဘေးရှိ စားပွဲပေါ်မှ ညအိပ်မီးအိမ်လေးအား ဖွင့်လိုက်သည်။
' ဟင့် ဉီးနေ... ငယ်လေးကို စိတ်မပျက်ပါနဲ့နော်... ဟင့် ငယ်လေး မကြားဝံ့လို့ပါ... မကြားချင်ဘူး မပြောပါနဲ့ ... မပြောပါနဲ့လို့ အီးဟီးဟီး... '
နေစစ်ရှိန်တစ်ယောက် မျက်လုံးနှစ်ဖက်အား လက်ဖြင့် ပွတ်သပ်ပြီး သေချာ
ကြည့်လိုက်တော့ ယောင်ပြီး အော်ငိုနေတဲ့ ငယ်လေး။ မျက်နှာထွက်တွင်လဲ ချွေးစေးလေးများ ဝေ့သီလို့ပင်။နှာဖူးထက်သို့ လက်ဝါးလေးတင်ပြီး စမ်းကြည့်လိုက်တော့ ကိုယ်ချစ်ချစ်တောက် ပူနေသည်။
* ကျစ်! ဒီကလေး ညနေက မိုးမိပြီး ဖျားပြီတဲ့တူတယ်.. *
နေစစ်ရှိန်လဲ ငယ်လေးအား ဆေးတိုက်ရန်အတွက် လှုပ်ယမ်းပြီး နှိုးလိုက်တော့သည်။
" ငယ်လေး ... ငယ်လေး ခနထပါဉီးကွာ... ဆေးသောက်ရအောင်လေနော်."
အရိပ်လေးလဲ ခန္ဓာကိုယ်လေးအား လှုပ်ယမ်းပြီး နှိုးနေသည့် အတွက် အိပ်နေရာမှ နိုးလာခဲ့သည်။ မျက်လုံးလေးနှစ်ဖက်အား လက်ဖြင့်ပွတ်ပြီး သေချာပြူးကြည့်လိုက်တော့ သူ့အား စိုးရိမ်ပူပန်မှု ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော ဉီးနေ ။
" ငယ်လေး ခနထနော် ဆေးသောက်ရအောင်... "
" ဟင် ... ဘာလို့ ကျွန်တော်က ဆေးသောက်ရမှာလဲ.. "