🚨အသိပေးကြေညာခြင်း🚨
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က *အရိပ်လေးတို့ရွာ* ရေးတဲ့ စာရေးသူ ဆောင်းလွမ်းရိပ်ပါ။ စာလေးကို အချိန်ခဏလောက်ပေးပြီး အဆုံးထိ ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။
အရိပ်လေးတို့ရွာ ကို စာအုပ်ထုတ်တာနဲ့ ပတ်သက်ပြီး သိလိုက်တဲ့သူလည်း ရှိသလို ၊ မသိလိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အရိပ်လေးတို့ရွာ ကို .... ရက်၊...လ၊...ခုနှစ်မှာ အိပ်မက်လမ်းစာအုပ်တိုက်ကနေ တာဝန်ယူပြီး စာအုပ်ထုတ်ဝေချင်ကြောင်း လာကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စာအုပ်ထုတ်ဝေဖို့အတွက် အိပ်မက်လမ်းစာအုပ်တိုက်ထံ စာမူပေးအပ်ခဲ့ပါတယ်။
စာအုပ်လေးကိုတော့ Preorder အနေနဲ့ March 2022မှာ Google Formနဲ့ စတင်ရောင်းချခဲ့ပါတယ်။ Preorderပိတ်ပြီး နှစ်လအကြာမှာ စာအုပ်ထွက်လာမယ်လို့လည်း စာအုပ်တိုက်ကနေ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ စာအုပ်က မရခဲ့ပါဘူး။ စာအုပ်တိုက်ကို သွားမေးတော့ နောက်တစ်လ စောင့်ပေးဖို့ ပြောပါတယ်။ကျွန်တော် တစ်လ ထပ်စောင့်ပေးခဲ့ပါတယ်။ အဲ့ဒီတစ်လ ကုန်ပြီး နောက်လ လဆန်းပိုင်းမှာ ထပ်မံသွားမေးခဲ့တယ်။ နောက်တစ်လကို ထပ်ရွှေ့ခဲ့ပါတယ်။ အဲ့ဒီလို တစ်လပြီးတစ်လ ရွှေ့လာရာကနေ Preorderပိတ်ပြီး 7လဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုကို ရောက်ရှိလာခဲ့တယ်ပေါ့နော်။
လွန်ခဲ့တဲ့ ၂လတုန်းကလည်း Production စ နေပြီလားလို့ သွားမေးခဲ့ပါတယ်။ တကယ်လို့ အဲ့ဒီအချိန်တုန်းကသာ Production မ စ ရသေးဘူးလို့သာ ပြန်ဖြေခဲ့ရင် ကျွန်တော် အဲ့ဒီအချိန်ကတည်းက Cancelခဲ့မှာပါ။ တိုက်ဘက်ကနေ Production စနေပြီလို့ပြောလာတဲ့အတွက် ဒါဆိုလည်း စောင့်ပါမယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း တဖြည်းဖြည်း ဘာသတင်းအစအနမှမကြားခဲ့ရလို့ မနေ့ကမှ ကျွန်တော့်အနေနဲ့ စာချုပ်ဖျက်မယ်ပြောခဲ့တာပါ။ စာဖတ်သူအချို့ကလည်း Cancelဖို့ လာပြောကြတဲ့အတွက် Cancelဖို့ သွားပြောရတာပါ။ အဲဒီအခါ ဖောင်ဒါအစ်မက စာအုပ်ကရနေပြီဖြစ်ကြောင်း November လ ပထမပတ်နှင့် ဒုတိယပတ်မှာ ပို့နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါဆို စာအုပ်သာ ရနေပြီဆို စာအုပ်ရကြောင်း video record ကို သက်သေအဖြစ် ပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တောင်းတဲ့ Video Record သာ ပြပေးနိုင်ရင် cancel မလုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဖောင်ဒါဘက်က အဲဒီအခါမှ စာအုပ်မရောက်သေးကြောင်း ပြောလာပါတယ်။ စာအုပ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ ပုံနှိပ်တောင် မ စ ရသေးတာ ကြောင့် ကျွန်တော် cancel ခဲ့တာပါ။ သူတို့ဘက်က ဒီတစ်လအတွင်းမှာ အကောင်းဆုံးလုပ်ပေးဖို့နဲ့ ကျွန်တော် Cancelတာကို ရပ်ပေးဖို့ တောင်းဆိုလာပေမယ့် တစ်လအတွင်း ထွက်လာမယ့် ညံ့ဖျင်းနေတဲ့ စာအုပ်အရည်အသွေးကို ကျွန်တော် စာဖတ်သူလက်ထဲကို မထည့်ပေးနိုင်တဲ့အတွက် လုံးဝ မထုတ်တော့ဖို့ Cancelလိုက်တာပါ။