(၂၁)ယူနီကုဒ်

10.1K 598 18
                                    

Prev start:

လွန်ခဲ့သော တစ်ပတ်ခန့်က...

(ဦးနေ ထန်းရည်မူးလာသည့်နေ့....
- တစ်နည်း -
ခင်ထား ဦးနေ အား အီစီကလီ ရိုက်
သည့်နေ့....)

ညနေ နေဝင်ရီတရောအချိန်တွင် ရွာထဲမှကာလသားများဟာ ထန်းတော ၌ ထန်းရည်များအား အလှူပေးနေ
သယောင် ဟိုတစ်စု ဒီတစ်စုဖြင့် အဖွဲ့ကိုယ်စီ ဝိုင်းဖွဲ့ကာ စကားစမြီလေးပြောရင်း ၊ ထန်းရည်လေးသောက်လိုက် အမြည်းလေးစားလိုက်နှင့် ဇိမ်ကျလို့နေသည်။

နေစစ်ရှိန်လဲ သာအေး၏ အဆွယ်ကောင်းမှုဖြင့်ပင် တစ်ကြိမ်တစ်ခါမျှ ခြေမချဖူးသည့် ထန်းတောသို့ ရောက်ရှိလာခဲ့လေ၏။

ထန်းတောလေးဟာ ရွာလမ်းအတိုင်း တည့်တည့်လျှောက်လာခဲ့လျှင် လယ်ကွင်းပြင်စိမ်းစိမ်းလေးများအား ကျော်လွန်သည်နှင့် ကိုထွန်းကျော်၏ ထန်းတောလေးသို့ရောက်သည်။

ထန်းတောသို့ရောက်သည်နှင့် သာအေးမှ ဦးဆောင်ကာ ထန်းရည် မှာလိုက်၏။

" ဗျို့ ကိုထွန်းကျော် ...ကျုပ်တို့ ဝိုင်းကို သုံးအိုးချဗျာ... အမြည်းရော ဘာရှိလဲ ... "

" ချိုးကြော်ပဲ ကျန်တော့တယ် သာအေး ရေ... "

" ဒါဆိုလဲ ရှိတာ ချဗျာ... မြန်မြန်လုပ် ကိုထွန်းကျော်ရေ ... "

" အေးပါ လာပါပြီ သာအေးရာ... "

ပြောရင်းပင် ကိုထွန်းကျော်သည် ထန်းရည်အိုးလေး သုံးအိုးနှင့်အတူ အမြည်းပန်းကန်လေး မ,လျှက် သာအေးတို့ ထိုင်နေသည့် ဝိုင်းသို့ လျှောက်လာပါသည် ။ ထို့နောက် ထန်းရည်အိုးလေးများနှင့် အမြည်းပန်းကန်အား စားပွဲပေါ်သို့ ချပေးကာ ပြန်ထွက်သွား၏ ။

ထန်းရည်အိုးလေးများ စားပွဲပေါ်သို့ရောက်သည်နှင့် သာအေးမှ ရေခွက်သေးသေးကလေးဖြင့် တစ်ခွက်ခပ်ပြီး သူ့ထံကမ်းပေးလာသည်။ နေစစ်ရှိန်လဲ သာအေး ကမ်းပေးသည့် ထန်းရည်ခွက်လေးအား လှမ်းယူကာ တစ်ချိုက်တည်း မော့သောက်လိုက်၏ ။

နေဝင်ရီတရော အချိန်တွင် နေဝင်ဆည်းဆာလေးကြည့်ရင်း ထန်းရည်သောက်ရသည့် ခံစားချက်ဟာ တမျိုးတမည်လေး ခံစားလို့ကောင်း၏။

အရိပ်လေးတို့ရွာ (Complete)Donde viven las historias. Descúbrelo ahora