(၁၄)ယူနီကုဒ်

13.7K 852 28
                                    

တိုတောင်းလှတဲ့ လူ့ဘဝကြီးမှာ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ လူသားလေးတွေ
နှင့် လက်ထပ်ပေါင်းစည်းခြင်းဟာ လူသားတိုင်း မျှော်လင့်တောင့်တနေကြသည့် မျှော်လင့်ချက် တစ်ခုပင်မဟုတ်ပေလား။

ဒီနေ့လေးဟာ နေစစ်ရှိန်နှင့် အရိပ်လေးတို့၏ မင်္ဂလာဆွမ်းကျွေး ရက်မြတ်ကလေးပင်။ ထို့နည်းတူ
ဘုန်းမင်းရောင်+လရောင်လင်း နှင့်
စန္ဒကူးမေ+သွန်းပုံရိပ်ချိုတို့၏ မင်္ဂလာရက်မြတ်လေးလည်း ဖြစ်ပေသည်။

ငယ်လေး၏ ဆန္ဒသဘောအလျောက်မင်္ဂလာဆောင်တွင် ကုန်ကျမည့် ကုန်ကျစရိတ်များအား ရွာဦးစေတီ ပြုပြင်မွမ်းမံရန် အတွက် မတည်အလှူငွေအဖြစ်လှူဒါန်းပြီး မင်္ဂလာဆွမ်းကျွေးခြင်းသာ။

မည်သို့ပင်ဖြစ်စေကာမူ မိမိတို့ ချစ်ရသူလေးများနှင့် လုံခြုံနွေးထွေးတဲ့ မေတ္တာအိမ်ကလေးထဲတွင် အသက်အရွယ်များ အိုမင်းသွားသည့်တိုင် တစ်ဦးနှင့်တစ်ဦး သစ္စာတရား လက်ကိုင်ထားပြီး ထာဝရလက်တွဲသွားကြရန်သာ အဓိကပင်။

သတို့သား ၊ သတို့သမီးလေးများဟာ မိမိတို့ ချစ်ရသူလေးများနှင့် ပေါင်းဖက်ရတော့မည်ဖြစ်၍ မျက်နှာလေးများထက်တွင် ပီတိ အပြုံးပန်းလေးများ ဝေဆာပွင့်ဖူးလျှက်။

~

"ကဲ ဒကာလေး၊ဒကာမလေးတို့
ဘုန်းဘုန်းပြောတာ သေချာနားထောင်ကြနော်..."

"တင်ပါ့ ဘုရား..."

နေစစ်ရှိန်တို့လည်း လက်အုပ်လေးချီကာ ကျုံ့ကျုံ့လေးထိုင်ပြီး ဘုန်းဘုန်း
မိန့်ကြားလာမည့် စကားတို့အား တရိုတသေ နားစွင့်နေလိုက်ကြသည်။

"ဒကာလေး ၊ ဒကာမလေးတို့ရဲ့ ဆက်ဆံရေးတွေက သာမာန်မဟုတ်တဲ့ ဆက်ဆံရေးတွေဆိုတာ သိကြတယ်မလား..."

"ဟုတ်ကဲ့ သိပါတယ်ဘုရား..."

"အင်း ဒါဆို ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ပစ်တင်မှုတွေကို ခံနိုင်ရည်ရှိပြီလား...မြို့ပေါ်မှာဆိုရင်တော့ အခုလို လိင်တူ လက်ထပ်တာက အကြောင်းမဟုတ်ပေမယ့်...ရိုးသားတဲ့ ကျေးလက်တောရွာက လူတွေက အမြင်ကျဥ်းကြတော့ အနည်းနဲ့အများ ကဲ့ရဲ့ပစ်တင်ကြမှာပဲလေ..."

အရိပ်လေးတို့ရွာ (Complete)Where stories live. Discover now