ဆေးရုံကြီး၏ အခန်းငယ်လေးထဲရှိ ခုတင်ထက်၌ မေ့မြောနေသည့်
ကောင်လေးတစ်ယောက်ရှိသည် ။
ထိုကောင်လေး၏ ဦးခေါင်းထက်တွင်လဲ ပတ်တီးများ အဖွေးသားပင် ။မိသားစုဝင်များသည်လဲ ခုတင်ထက်၌ မေ့မြောနေသည့် ထိုကောင်လေးကို
ကြည့်ပြီး ပူဆွေးသောက ရောက်နေကြရသည်သာ ။ ထိုကောင်လေး၏ ခင်ပွန်းဟာလဲ ခုတင်ဘေးတွင် မလှုပ်မယှက် ထိုင်ပြီး ချစ်ရသူလေး၏ မျက်နှာလေးအား ငေးကြည့်ရင်း တဖွဖွ တောင်းပန်လို့နေသည် ။ဒီနေ့ဆိုလျှင်ဖြင့် အရိပ်လေး ဆေးရုံခုတင်ပေါ်၌ မေ့မြောနေသည်မှာ
တစ်ပါတ်ကျော်ရှိနေလေပြီ ။ ဆေးရုံစတက်ရသည့် နေ့ကတည်းက
အရိပ်လေး၏ ဘေးတွင် မလှုပ်မယှက် ထိုင်ပြီး လက်ကလေး စုပ်ကိုင်ကာ တတွတ်တွတ် တောင်းပန်စကားဆိုနေသည့် ကိုနေ့ အတွက်လည်း စိတ်မကောင်းဖြစ်ယုံမှအပ ပုံရိပ်တို့လဲ ဘာမှ မတတ်နိုင် ။တစ်ပါတ်အတွင်း မပြင်မဆင်နေလိုက်တာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး များမှာ အတော်ပင် ရှည်လို့နေသည်။ ဆံပင်ဖုတ်တိုက် ၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများနှင့် မျက်လုံး နောက်စေ့ကပ်နေ
သည့် ကိုကိုဟာ လူရမ်းကား ပုံစံပေါက်လို့နေသည် ။ တစ်ပါတ်လုံး ရေမချိုးဘဲ နေလာတာကြောင့် ချဥ်စော်ပင် နံ့လို့နေ၏ ။လမ်းဘေးတွင် ခွက်တစ်လုံးဆွဲပြီး တောင်းစားသည့် သူတောင်းစား ပင်
ကိုကို့ထက် သားနားဦးမယ် ။" ကိုကို... အားရှိအောင် တစ်ခုခု သွားစားလိုက်ပါလား.. "
မေ ပြောလိုက်သော်လည်း ယခင်နည်းတူ ခေါင်းသာ ခါပြ၏ ။
" အစားမစားချင်ရင်လဲ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေသွားလာချိုးလိုက်ပါလား... "
ရေချိုးရန်ပြောလိုက်သော်လည်း ခေါင်းသာ တွင်တွင် ခါပြ၏ ။
" ငါ ငယ်လေး ဘေးကနေ ဘယ်မှ မသွားချင်ဘူး မိမေ... "
ပြောရဆိုရ လက်ပေါက်ကပ်လွန်းသည့် ကိုကိုသာ ကလေးတစ်ယောက်ဆိုလျှင် မေ ရိုက်နှက်ပြီး ဆုံးမလိုက်မည် ။ အခုတော့....။ မေလဲ စိတ်လျှော့ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး...