ဧည့်ခန်းထဲတွင်။
နေစစ်ရှိန်သည် ကိုယ်ဝန်သည်တွေအကြောင်းရေးသားထားသည့် စာအုပ်အားဖတ်နေပြီး ၊ အရိပ်လေးကတော့
နေစစ်ရှိန်၏ဘေးတွင်ထိုင်ပြီး အသီးလေးစားလိုက်၊ ကာတွန်းကားကြည့်လိုက်
နှင့် ဟန်ကျ၍နေသည်။"ဦးနေ"
TVကြည့်ရတာမျက်လုံးညောင်းလာသည့်အတွက်ကြောင့် အရိပ်လေးလည်း
ဦးနေ၏ လက်မောင်းအား ပါးလေးနှင့်ပွတ်ရင်း တိုးလျလျလေသံလေးဖြင့် ခေါ်လိုက်သည်။"အင်း ငယ်လေး ဘာဖြစ်လို့လဲ"
နေစစ်ရှိန်လည်း ဖတ်လက်စ,စာအုပ်အား ပိတ်လိုက်ရင်း မေးလိုက်သည်။
"ပျင်းတယ်"
"ပျင်းရင် ကာတွန်းကားကြည့်လေ
အပျင်းလေးရဲ့""ဟင့်အင်း မကြည့်ချင်တော့ဘူး။ TVကြည့်ရတာလဲ ပျင်းတယ်"
"ဒါဆို ငယ်လေးက ဘာလုပ်ချင်လို့လဲပြော"
ငယ်လေး၏ နှာဖျားလေးအား အသာလိမ်ဆွဲရင်းမေးလိုက်သည်။
"လမ်းထိပ်မှာပန်းခြံရှိတယ်။ အဲ့ပန်းခြံကိုသွားချင်တယ်"
"ငယ်လေးက သွားချင်လို့လား"
"ဟုတ်"
"အင်း ဒါဆို သွားမယ်လေ။ ခန ကိုယ် အနွေးထည်သွားယူဦးမယ်"
ပြောပြီး အပေါ်သို့ ပြေးတက်သွားပါသောဦးနေ။ တစ်ခဏမျှအကြာတွင်တော့ အနွေးထည်လေးတစ်ထည်ကိုကိုင်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။
ထို့နောက်အရိပ်လေး၏ကိုယ်ပေါ်၌ အနွေးထည် ခြုံပေးပြီး ပန်းခြံလေးဆီသို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။
ညနေစောင်းလည်း ဖြစ်သည့်အပြင်၊ ရာသီဥတုပါ အေးချမ်းသာယာနေသည့်အတွက်ကြောင့်ပင် ပန်းခြံလေးဟာ ပျော်ရွှင်စွာ ဆော့ကစားနေကြသည့် ကလေးငယ်များ၊ ကလေးမိဘများဖြင့် စည်ကား၍နေသည်။
အရိပ်လေးတို့လည်း လူရှင်းသည့်နေရာလေး၌ သွားထိုင်ပြီး ညနေဆည်းဆာအား ထိုင်ကြည့်လိုက်သည်။
အရိပ်လေးတို့ အရှေ့ကနေ ကလေးပိစိလေးအား အလယ်၌ ထားပြီး အဖေနှင့်
အမေဖြစ်သူတို့က ကလေးလေး၏ တစ်ဖက်တစ်ချက်စီတွင် လက်လေးတွဲပြီး လမ်းလျှောက်သွားတာကြောင့် ထိုမိသားစုလေးအား အရိပ်လေးတစ်ယောက် ပြုံး
လျှက်လိုက်ကြည့်နေမိသည်။