တောင် တောင် တောင်....!
နံနက်(၄:၀၀)နာရီ ထိုး ရွာဉီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြားသည်နှင့် အရိပ်လေးလဲ အိပ်ယာမှထကာ မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်လိုက်တယ် ။ ထို့နောက် ဘာမှ စားချင်စိတ်မရှိသော်လည်း ဗိုက်ထဲမှ ပေါက်စီလေး အတွက်တွေးပြီး နွားနို့တစ်ခွက်နှင့် ပေါင်မုန့်ဖြူ တစ်ချပ်စားပြီး ဆရာဝန်ပေးထားသည့် ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်လိုက်တယ်။
စားသောက်ပြီးတာနှင့် အရိပ်လေးလဲ ခြံထဲဆင်းကာ စိတ်ပြေလက်ပျောက် ပန်းပင်လေးများအား ရေလောင်းပေါင်းသင်နေလိုက်တယ်။ ပန်းပွင့်လေးများ၏ ထုံသင်းနေသည့် မွှေးရနံ့လေးများက ရှုပ်ထွေးနေသည့် စိတ်အစဉ်အား ခနတာ ပြေလျော့စေသည့်အတွက် အရိပ်လေးလဲ မျက်လုံးလေးမှေးစင်းကာ ရှူရှိုက်လိုက်တယ်။
နေရောင်ခြည် မှိန်ပြပြ ထွက်ပြူလာသည်နှင့် အရိပ်လေးလဲ အိမ်မှာ နေချင်စိတ် မရှိ၍ အရိပ်လေး စိတ်ညစ်နေ
သည့်အချိန်တိုင်း သွားနေကြ တောင်ကုန်းလေးသို့ သွားရန်ဆုံးဖြတ်လိုက်တယ်။ အိမ်မှာရှိတဲ့ လူတွေ အကုန်လုံး အိပ်နေကြတာကြောင့် အရိပ်လေး ထွက်လာတာကို ဘယ်သူမှ မသိလိုက်ပေ။•
နေစစ်ရှိန် တစ်ယောက် ရင်ခွင်ထဲမှ
အနွေးဓာတ်လေး လစ်ဟာသွားသည့် အတွက် အိပ်ရာမှ နိုးလာခဲ့တယ်။
ထို့နောက် အိပ်ယာထက်မှ ထလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်လိုက်တယ် ။ထို့နောက် ထမင်းစားခန်းထဲသို့ဝင်ကာ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး ၊
အုပ်ဆောင်းလေး လှန်ကာ ပုံရိပ်တို့ ပြင်ဆင်ပေးထားသည့် နံနက်စာကို မြိန်ရှက်စွာ စားသုံးလိုက်တယ်။စားသောက်ပြီးသည်နှင့် ဧည့်ခန်းထဲသို့ ထွက်လာခဲ့တယ်။
သူနိုးလာကတည်းက ငယ်လေး၏ အရိပ်အယောင် တစ်စွန်းတစ်စမျှ မမြင်မိပေ။ အရင်က မနက်မိုးလင်းလာလျှင် မောင်နှမနှစ်ယောက်၏ စကားနိုင်လုသံများနှင့် ပြည့်နှက်နေသည့် အိမ်ကလေးဟာ ဒီနေ့မှ တိတ်ဆိတ်ခြောက်ကပ်လို့ပင်။