(၃၂)ဇော်ဂျီ

3.2K 133 0
                                    

"ဉီးနေ ဉီးနေ..."

"ဟင် ငယ်လေး ဘာဖြစ်လို့လဲ"

"ထတော့လေ ဒီနေ့ ဆေးရုံသွားမယ်ဆို"

"အင်း သွားမယ်လေ။ အခုမှ အစောကြီးရှိသေးတယ်လေ ငယ်လေးရဲ့"

"မစောပါဘူး ဉီးနေရဲ့ ထတော့နော်"

သူ့လက်မောင်းကို လှုပ်ယမ်းပြီး ချွဲနေတဲ့ ငယ်လေးဟာ အသည်းယားဖွယ်အတိ။

နေစစ်ရှိန်လဲ ထထိုင်လိုက်ပြီး ငယ်လေးကို ပေါင်ပေါ်သို့ ပွေ့တင်ကာ အနောက်မှ သိုင်းဖက်ထားလိုက်တယ်။ ထို့နောက် မေးဖျားလေးကို ပုခုံးလေးထက်သို့ တင်လိုက်ပြီး...

"ဘာလို့ အစောကြီးသွားချင်နေရတာလဲကွာ"

"အခု ပေါက်စီလေးက လေးလထဲရောက်နေပြီဆိုတော့ အာထရာစောင်းရိုက်လို့ရပြီလေ။ ပေါက်စီလေးက ဘယ်လိုလေးလဲဆိုတာ သိချင်လို့ပါ"

ပေါက်စီလေး ဘယ်လိုလေးလဲဆိုတာ ငယ်လေးမှမဟုတ် သူကိုယ်တိုင်လဲ သိချင်တာမို့ ဆေးရုံသို့ စောစောသွားရန် ဆုံးဖြတ်လိုက်တယ်။

"အင်း ဒါဆို ကိုယ်ရေချိုးလိုက်အုံးမယ်"

"ဟုတ်"

နေစစ်ရှိန်လဲ ငယ်လေးအား အနမ်းတစ်ချက်ပေးပြီး ခုတင်ပေါ်သို့ ပြန်ချပေးလိုက်တယ်။ ထို့နောက် ရေချိုးခန်းထဲသို့ ပြေးဝင်ကာ ရေအမြန်ချိုးလိုက်သည်။

အရိပ်လေးလဲ ဉီးနေရေချိုးခန်းထဲ ဝင်သွားတော့မှ ဉီးနေ အတွက် အဝတ်အစားထုတ်ပေးထားလိုက်ပြီး ဖုန်းသုံးရင်း ထိုင်စောင့်နေလိုက်သည်။

"ငယ်လေး ဖုန်းသုံးနေပြန်ပြီလား"

အော်သံမမြည်တဲ့ လေသံမာမာနဲ့ပြောလာတာကြောင့် အရိပ်လေးလဲ ဟီးခနဲရယ်ပြလိုက်သည်။

"ဟီး ပျင်းလို့ ခနသုံးတာပါ ဉီးနေရဲ့"

"ဖုန်းသုံးပြီးရင် ငယ်လေးပဲ ခေါင်းမူးတယ်ဆို.. ကျစ် အဲ့ဖုန်းတွေ အကုန်လွှင့်ပစ်အုံးမယ်"

"ဟာ ဉီးနေကလဲ ဘာလို့ လွှင့်ပစ်မှာလဲ"

"ငယ်လေးမှ ကိုယ့်စကားနားမထောင်တာ"

"နားထောင်မယ်လေ လွှင့်မပစ်နဲ့နော်"

ဉီးနေဆိုတာ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တာမို့ အရိပ်လေး အမြန်တားရတော့သည်။

အရိပ်လေးတို့ရွာ (Complete)Where stories live. Discover now