လေးနှစ်ခန့်ကြာသော်....။
"မီးမီးလေး နိုးပြီလား"
"ဟုတ် နိုးပြီ ဖေဖေ"
"အင်း ဒါဆို ဖေဖေတို့ ကာတွန်းကားသွားကြည့်ကြမယ်နော်"
"ဟုတ်ကဲ့ ဖေဖေ"
အရိပ်လေးလည်း အိပ်ယာနိုးခါစဖြစ်၍ အိပ်မှုန်စုံမွှားနှင့် မျက်နှာလေးမှုန်ကုတ်နေသည့် မီးမီးလေးကို ချီပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အရိပ်လေးတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးထဲကို
ချစ်ငယ်လေးဝင်ရောက်လာခဲ့သည်မှာ မနက်ဖြန်ဆို လေးနှစ်ပင်ပြည့်လေပြီ။
မီးမီးလေးနာမည်က နေမှူးချစ်ငယ်ပါ။ အိမ်က မိသားစုဝင်တွေကတော့ ချစ်ငယ်လေးဟုသာ ခေါ်ကြသည်။အချိန်တွေဟာ မြန်ဆန်လွန်းလှပါတယ်။ချစ်ငယ်လေး လူ့ဘဝထဲ ဝင်ရောက်လာခဲ့သည်မှာ လေးနှစ်ပင်ပြည့်တော့မည်လေ။ သို့ပေမယ့် အရိပ်လေးအတွက်တော့ မနေ့တနေ့ကလိုပင်။ နာကျင်မှုတွေကို ကြံ့ကြံ့ခံပြီး မေ့ဆေးမဟုတ်ပဲ၊ ထုံဆေးပေးပြီးသာ ချစ်ငယ်လေးကို မွေးဖွားခဲ့ရသည့် ရက်စွဲလေးဟာ အရိပ်လေး ဘဝတွင် လုံးဝမေ့၍မရသည့် ရက်စွဲလေးပင်။
တစ်ဉီးတည်းသော သမီးလေးဖြစ်သည့် ချစ်ငယ်လေးဟာ ဖခင်နှစ်ယောက်ရဲ့ ချစ်ခင်မှု၊ အလိုလိုက်မှုတို့ကို အပြည့်အဝရရှိထားသူလေးလည်းဖြစ်သည်။
"မီးမီးလေး ဖေဖေ ဟင်းသွားချက်ဉီးမယ်နော်။ မီးမီးလေးက ကာတွန်းကားကြည့်နေနော်"
အရိပ်လေး မီးမီးလေးကို ဆိုဖာပေါ်တင်ပေးလိုက်ရင်း ပြောလိုက်တယ်။
"ဟုတ်ဖေဖေ။ အေးဆေးချက်နော်"
"ဟုတ်ပါပြီဗျာ"
အရိပ်လေးလည်း မီးမီးလေးအကြိုက် ကာတွန်းကားဖွင့်ပေးခဲ့ပြီး မီးဖိုခန်းထဲသို့ဝင်လာပြီး ညနေစာအတွက် ချက်ပြုတ်ရတော့သည်။
မီးမီးလေးမွေးပြီး တစ်နှစ်ပြည့်ကတည်းက ဒီအိမ်ရဲ့ အချက်အပြုတ်တာဝန်ကို အရိပ်လေးသာ တာဝန်ယူရသည်။ အစားအသောက်ချေးများလွန်းတဲ့ ဉီးနေက အရိပ်လေး ချက်တဲ့ လက်ရာဆို ကုန်အောင် စားတတ်သည်မို့ ဉီးနေ အတွက် အရိပ်လေးကိုယ်တိုင် ဝင်ချက်နေရခြင်းဖြစ်၏။