'ကဆုန်နယုန် ၊ ဆွေ့ဆွေ့ခုန်' ဟူသည့် စကားပုံအတိုင်းပင် ကဆုန်လအကုန် နယုန်လအကူး စပ်ကြားကာလ ဟာ အလွန်တရာ ပူပြင်းလှသည်။ နံနက်ခင်း နေရောင်ခြည် စတင်ထွက်ပြူစ ပြုလာကတည်းက ပူသော အပူရှိန်ဟာ ၊ ညနေစောင်း နေညိုချိန်ကျမှ ပြန်လည်ငြိမ်းအေးသွားသည်သာ။
ပဲပြုတ်ပူပူလေး..ပဲပြုတ်ပူပူလေး ရမယ်....!!
ပဲပြုတ်သည် ဒေါ်တုတ်၏ အသံကြားသည်နှင့် နေစစ်ရှိန် အိပ်ရာမှ နိုးလာခဲ့သည်။ စားပွဲပေါ်မှ နာရီလေးအား တစ်ချက်ကြည့်မိတော့ နံနက် (၅:၃၀)။ နံနက် မိုးလင်းခါနီးနေပြီမို့ နေစစ်ရှိန်လည်း အိပ်ယာမှထလိုက်ပြီး ရင်ခွင်ထဲမှ ငယ်လေးအား ခေါင်းအုံးပေါ်သို့ အသာအယာ ချပေးလိုက်ကာ
ငယ်လေး၏ ပါးပြင်လေးအား အနမ်းတစ်ချက်ပေးပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ ထွက်လာခဲ့သည်။ကိုယ်လက်သန့်စင်ပြီးသည်နှင့် နံနက်စာစားရန်အတွက် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ ထမင်းစားခန်းထဲတွင် နံနက်စာ ပြင်ဆင်နေသည့် မေတို့ ဇနီးမယားနှစ်ယောက်အား တွေ့လိုက်ရတာ
ကြောင့် နေစစ်ရှိန် နှုတ်ဆက်လိုက်သည်။"မောနင်း မေနဲ့ ပုံရိပ်..."
"မောနင်း ကိုနေ..."
"မောနင်း ကိုကို..."သူနှုတ်ဆက်လိုက်သည်နှင့် မေတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သံပြိုင် ပြန်လည် နှုတ်ဆက်လာကြသည်။
"ဒီနေ့ အစောကြီးနိုးနေပါလား ကိုနေ.."
"အင်း ဟုတ်တယ်...ကျွန်တော် လယ်ထဲ ခနသွားကြည့်မလို့ ပုံရိပ်...မကြာခင် မိုးကျတော့မှာဆိုတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ်လေ..."
"ဪ ...ဟုတ်ကဲ့ အင်္ကျီလက်ရှည်လဲ ထပ်ဝတ်သွားဦးနော်...နေက အတော်ပြင်းတယ်ရယ်...တော်ကြာနေလောင်ပြီး အသားမည်းသွားမှ ကိုနေ့ လင်တော်မောင်လေးက ပုံရိပ်ကို နှုတ်ခမ်းနဲ့လာထိုးနေဦးမယ်..."
"ထိုးသင့်ရင် ထိုးရမှာဘဲ...ဦးနေကို အရိပ်လေးကလွဲပြီး ဘယ်သူမှ ခိုင်းတာ မကြိုက်ဘူး..."
နေစစ်ရှိန် နိုးပြီးမကြာမီပင် အရိပ်လေးလည်း လစ်ဟာသွားသည့် ခံစားချက်ကြီးကြောင့်အိပ်ရာမှ နိုးလာခဲ့သည်။ ဘေးမှ လစ်လပ်နေသည့် ဦးနေ၏ နေရာလေးအား စမ်းကြည့်တော့လဲ ပူနွေးနွေးကလေးပင်။ ဒါဟာ အခုမှ လောလောလတ်လတ် ထသွားသည် ဆိုသည့်သဘော။