မနက်ခင်း နေရောင်ခြည် ထွက်ပြူလာသည်နှင့် အလင်းတို့လဲ ရွာသို့ ပြန်လာခဲ့ကြသည်။ သားလေးကိုပါ အလင်းတို့
နှင့် တပါတည်း ခေါ်လာခဲ့ကြသည်။ ညက မိုးရွာထားသည့် အရှိန်ကြောင့် ရာသီဥတုကလေးဟာ ချမ်းစိမ့်စိမ့်ကလေး နှင့် နေလို့ အလွန်ကောင်းသည်။စပါးပင်စိမ်းစိမ်းကလေးများကလဲ လေယူရာ နွဲ့ယိမ်းလို့နေတယ်။ ဗျိုင်းဖြူလေးများကလဲ ဟိုတစ်ကောင် ဒီတစ်ကောင်ဖြင့် အစာရှာလို့နေတယ်။ တောတောင်ရေမြေသဘာဝ အရကြားနေရသည့် ကျေးငှက်ကလေးများရဲ့ ကျည်ကျည်ကျာကျာ အသံလေးများ ၊ လမ်းဘေးမှ တသွင်သွင် စီးဆင်းနေသည့် ဆည်ရေကျသံလေးများ ဟာလဲ သာယာနာပျော်ဖွယ် ကောင်းလို့နေတယ်။
•
" အဘရေ အဘ... "
ဆိုင်ကယ်ရပ်သည်နှင့် တစ်ပြိုင်နက် အလင်းလဲ အဘအား အော်ခေါ်ကာ ကွပ်ပစ်ပေါ်သို့ တက်ထိုင်လိုက်တယ်။
ဉီးလှမြိုင်လဲ အလင်းရဲ့ ခေါ်သံကြောင့် အိမ်ရှေ့သို့ ထွက်လာပြီး..." ဘာလို့ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ခေါ်နေရတာလဲ အလင်းရယ် ... ငါ နားမလေး သေးပါဘူးကွ... "
ပြောရင်း ဉီးလှမြိုင်လဲ အလင်းအရှေ့၌ ဝင်ထိုင်လိုက်တယ်။ အလင်းလက်ထဲမှ တစ်နှစ်သား အရွယ်ကလေးလေးအား တွေ့တော့ အံ့အားသင့်ပြီး မျက်လုံးအပြူးသားဖြင့် အလင်းအား စိုက်ကြည့်လို့နေတယ်။
" အဘ နားမလေး မှန်းတော့ အလင်းသိပါတယ် အဘရယ်... အလင်းက အလင်းတို့ ပြန်ရောက်ပြီ ဆိုတဲ့အကြောင်း အသံ လှမ်းပြုတာပါ... "
" အေးအေး ဒါနဲ့ ဒီကလေးက ဘယ်သူ့ ကလေးလဲ... "
" ကိုကိုနဲ့ အလင်းတို့ရဲ့ ကလေး... "
အလင်းရဲ့ စကားကြောင်း ဉီးလှမြိုင်တစ်ယောက် နားရှုပ်သွားပြီး ခေါင်း
တဗျင်းဗျင်း ကုတ်လိုက်တယ်။" စကားကို ရှင်းရှင်းလင်းလင်း ပြောစမ်း အလင်း... ဒီကလေးက ဘယ်သူ့ ကလေးလဲ.. "
" ဪ... အဘရယ် ကိုကိုနဲ့ အလင်းတို့ရဲ့ ကလေးပါဆို... "
" နေစမ်းပါဉီး မင်းတို့နှစ်ယောက်ရဲ့ ကလေးလို့ ပြောရအောင်... ဘယ်သူက ဘယ်အချိန်မှာ ဘယ်လိုမွေးလိုက်တာလဲ... "